မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် SOJEN AUTO မှ စေတနာပရဟိတလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့

2018-04-18 14:38:51 |သတင်းအရင်းအမြစ် 云桥网

ရွှင်လန်းပျော်ရွှင်မှုနှင့် ပြည့်လျှံနေသော နှစ်သစ်အခါသမယ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ကြိုဆိုသည့်အနေဖြင့် SOJEN AUTO ၏ မြန်မာနိုင်ငံရှိကုမ္ပဏီခွဲဖြစ်သော WANGCHAO AUTO လီမိတက်ကုမ္ပဏီသည် မဟာသင်္ကြန်ရေကစားမဏ္ဍပ်များ တည်ဆောက်ပြီး မြန်မာပြည်သူပြည်သားများနှင့်အတူ နှစ်သစ်ကို ဝမ်းမြောက်ရွှင်လန်းစွာ ကြိုဆိုကြကြောင်း သိရသည်။

ယခုနှစ်မဟာသင်္ကြန်တွင် SOJEN AUTO သည် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တောင်ကြီး၊ ထားဝယ် စသည့်မြို့ကြီး(၅)မြို့တွင် မဟာသင်္ကြန်ရေကစားမဏ္ဍပ်များ တည်ဆောက်ပြီး မြန်မာဆွေမျိုးပေါက်ဖော်များနှင့်အတူ မင်္ဂလာရေ ပက်ဖြန်းဖြင်းဖြင့် ဆုမွန်ကောင်းတောင်းရင်း အနီးပတ်ဝန်းကျင်ရှိ စာသင်ကျောင်းမှ ကျောင်းသူကျောင်းသားများအတွက် လွယ်အိတ်၊ ကျောင်းဝတ်စုံများ လှူဒါန်းပေးပြီး မော်တော်ကားများအတွက် ကားထောက်ပံ့ကြေး၊ အင်ဂျင်ဝိုင်စသည်တို့ကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးအပ်လှူဒါန်းသည်။ ထို့အပြင် သင်္ကြန်မဏ္ဍပ်သို့ လာရောက်ရေပတ်သည့် ပြည်သူပြည်သားများအတွက် SOJEN AUTO သင်္ကြန်ပွဲတော် အထိမ်းအမှတ်အင်္ကျီနှင့် ရေခွက်များကို အမှတ်တရလက်ဆောင်ဝေငှပေးခဲ့ကြောင်း SOJEN AUTO မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက မိတ်ဆက်ပြောကြားသည်။ "အဓိကကတော့ မြန်မာပြည်သူပြည်သားတွေက ကျွန်တော်တို့ ကုမ္ပဏီကို အားပေးတဲ့အတွက်ကြောင့် အထူးကျေးဇူးတင်တဲ့အနေနဲ့ အခုလိုဆောင်ရွက်တာဖြစ်ပါတယ်။ မြန်မာ့ဈေးကွက်မှာ ကျွန်တော်တို့ ကုမ္ပဏီဟာ ဆယ်နှစ်ကျော်ကျော် လုပ်ကိုင်နိုင်တဲ့အတွက်လည်း မြန်မာပြည်သူပြည်သားတွေနဲ့ ညီအစ်ကိုမောင်နှမရင်းတွေလို ဖြစ်နေပါပြီ။ မြန်မာ့ရိုးရာရေသဘင်ပွဲတော်မှာ ပျော်ရွှင်စိတ်ချမ်းသားပြီး နွေးထွေးမှုတွေ ပိုင်ဆိုင်စေဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။"ဟု စေတနာပရဟိတလှုပ်ရှားမှု၏ ရည်ရွယ်ချက်ကို ၎င်းတာဝန်ရှိပုဂ္ဂိုလ်က ဆက်လက် ရှင်းပြသည်။

SOJEN AUTO သည် ၂၀၀၃ ခုနှစ်မှစ၍ မြန်မာ့ဈေးကွက်သို့ ၀င်ရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် မှတ်ပုံတင်ထားသော WANGCHAO AUTO နှင့် မြန်မာ့ကြယ်မော်တော်ကားဝန်ဆောင်မှုလီမိတက်ကုမ္ပဏီ နှစ်ခုရှိပြီး တစ်ခုမှာ ဖြန့်ဖြူးရောင်းချရန်၊ နောက်တစ်ခု ဝန်ဆောင်မှုပေးရန် အဓိကလုပ်ကိုင်ကြောင်း၊ မော်လမြိုင်၊ မန္တလေး၊ ရန်ကုန်၊ မြစ်ကြီးနား၊ ကျိုင်းတုံ စသည်တို့အပါအ၀င် မြန်မာအဓိကမြို့(၂၆)ခုတွင် ကုမ္ပဏီခွဲနှင့် အရောင်းဌာန(၄၀)နီးပါးကို တည်ထောင်ခဲ့ကြောင်း၊ ကုမ္ပဏီ၏ဝန်ထမ်းဦးရေမှာ ၂၀၀ ကျော်ရှိပြီး ယင်းအနက် မြန်မာဝန်ထမ်းမှာ ၈၀ ရာခိုင်နှုန်း အထက် ပါဝင်ကြောင်း သိရသည်။ "မြန်မာဝန်ထမ်းတွေအတွက် မွမ်းမံသင်တန်း ဖွင့်လှစ်ပေးတယ်။ အရောင်းဝန်ထမ်း၊ စီမံခန့်ခွဲသူ၊ အလုပ်ရုံလုပ်သား၊ ရုံးဝန်ထမ်း၊ ဘာသာပြန် စတဲ့အလုပ်ဌာနတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ သင်ကြားမွေးထုတ်ပေးတယ်။ မြန်မာဝန်ထမ်းတွေဟာ တရုတ်ဝန်ထမ်းတွေလိုပဲ ခံစားခွင့်တွေကို ခံစားရရှိကြ ပါတယ်။"ဟု SOJEN AUTO မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောပြသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006