ယခုလ ၁၉ ရက်နေ့က တရုတ်မီဒီယာအုပ်စု(China Media Group)၏ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ပီကင်းတွင် တရားဝင် ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။
တရုတ်မီဒီယာအုပ်စု ဖွဲ့စည်းတည်ထောင်ခြင်းသည် ယခုအကြိမ် တရုတ် အစိုးရ လုပ်ငန်းဌာနများ ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ တရုတ်မီဒီယာအုပ်စုတွင် စီစီတီဗီ(တရုတ် ဗဟို ရုပ်မြင်သံကြားဌာန)၊ စီအဲန်အာ(တရုတ်အမျိုးသားအသံလွှင့်ဌာနနှင့် စီအာအိုင်(တရုတ်နိုင်ငံတကာ အသံလွှင့်ဌာန) ပါဝင်ပြီး မီဒီယာဖြန့်ချိရေး ပလက်ဖောင်းသစ် တစ်ခု ဖြစ်ကြောင်း သိရသည်။