ယခုရက်ပိုင်းတွင် SOJEN မော်တော်ကားပြပွဲနှင့်အတူ SORL နှင့်ပူးပေါင်းမှုစာချုပ်ချုပ်ဆိုခြင်း အခမ်း အနားကို Rui An မြို့၌ကျင်းပခဲ့သည်။
SOJEN မော်တော်ကားကုမ္ပဏီသည် သယ်ယူပို့ဆောင်ရေး မော်တော်ကား ၊ ဆောက်လုပ်ရေးသုံး dump truck ၊ အထူးကား၊ New energy vehicle စသည့် မော်တော်ယာဉ်များကို အဓိကထား ထုတ်လုပ် ရောင်းချကြောင်း ကုမ္ပဏီ၏တာဝန်ရှိသူတစ်ဦး၏ မိတ်ဆက်ပြောပြချက်အရ သိရသည်။ သေး၊ ပေါ့၊ လတ်၊ ကြီး စသည့်မော်တော်ယာဉ် ပုံစံမျိုးစုံထုတ်လုပ်လျက်ရှိပြီး လက်ရှိတရုတ်နိုင်ငံအနှံ့အပြားတွင် ကုမ္ပဏီခွဲ (၁၂) ခုတည်ထောင်ဖွင့်လှစ်ထားကာ ၂၀၁၃ ခုနှစ်ကစတင်ကာ မြန်မာ့ကုမ္ပဏီများနှင့် ပူးပေါင်း ပြီး ရန်ကုန်၊ မန္တလေး စသည့်နေရာများတွင် ကုမ္ပဏီဖွင့်လှစ်ထားသည်။
မော်တော်ကားပြပွဲတွင် SOJEN မော်တော်ကားကုမ္ပဏီသည် SORL နှင့်ပှုးပေါင်းပြီး ပှုးပေါင်းမှု သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး တစ်ချိန်တည်းတွင် SORL မှ မော်တော်ယာဉ် အစီး ၅၀၀ ၀ယ်ယူရန် ကမ်းလှမ်းမှုကိုလည်း ရရှိခဲ့ပါသည်။
အဆိုပါမော်တော်ကားပြပွဲတွင် SOJEN F350 ၊ SOJEN F550 ၊ SOJEN D750 စသည့် ကားအမျိုး အစားများကိုလည်း ပြသခဲ့ရာ ၎င်းအနက် SOJEN F350 သည် ဧည့်သည်များ၏ အကြိုက်ဆုံးဖြစ်ခဲ့ပြီး စမ်းသပ်မောင်းနှင်မှုများပြုလုပ်ခဲ့ကြသည်။“ဒီဇိုင်းက အရမ်းကောင်းတယ်၊ အရည်အသွေးလည်း မဆိုးပါဘူး၊ မောင်းရတာအဆင်ပြေတယ်”ဟု စမ်းမောင်းကြည့်သူများမှ မှတ်ချက်ပေး ပြောကြားကြ သည်။
အဆိုပါပြပွဲကာလအတွင်း SOJEN F350 ၊ SOJEN D510 ၊ SOJEN D750 အပါအဝင် ကားအစီး (၁၇၀၀)ကို အော်ဒါမှာယူမှုရှိကြောင်း သတင်းများအရ သိရသည်။