ပထမအကြိမ် တရုတ်-မြန်မာ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးစွမ်းဆောင်မှုစွမ်းရည်ယှဉ်ပြိုင်ပွဲကို တယ်ဟုန်ပြည်နယ်ခွဲတွင် ကျင်းပ

2018-04-25 18:48:09 |သတင်းအရင်းအမြစ် 云桥网

ပထမအကြိမ် တရုတ်-မြန်မာ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးစွမ်းဆောင်မှုစွမ်းရည်ယှဉ်ပြိုင်ပွဲကို ဧပြီလ(၂၅) ရက်နေ့တွင် တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့၌ ကျင်းပနေသည်။

“သိပံ္ပနှင့်နည်းပညာဖြင့် အိပ်မက်ကို အကောင်အထည်ဖော်ဆောင်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အတူတကွတည်ဆောက်”ဟူသည့် ဆောင်ပုဒ်နှင့်အညီကျင်းပသည့် အဆိုပါပြိုင်ပွဲသို့ တရုတ်၊ မြန်မာ နှစ်နိုင်ငံမှအစိုးရ အရာရှိများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့်တက္ကသိုလ်များ ကောလိပ်များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲအား (၂)ရက်တာ ကျင်းပခြင်းဖြစ်ပြီး တရုတ်နှင့်မြန်မာမှ အဖွဲ့(၂၀)စီ အသီးသီးပါဝင်ယှဉ်ပြိုင်ကြကာ ယှဉ်ပြိုင်ရသည့်အကြောင်းအရာများတွင် လယ်ယာစိုက်ပျိုးရေး၊ ကျောက်မီးသွေး တူးဖော်ခြင်း၊ အီလက်ထရွန်စီးပွားရေးနှင့် အဆင့်မြင့်အတတ်ပညာရှင် စသည်တို့ ပါဝင်ကြောင်း သိရသည်။

“ဒီပြိုင်ပွဲမျိုးက မြန်မာပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ တီထွင်ဖန်းတီးမှုကို တွန်းအားပေးနိုင်တယ်။ ယူနန်နဲ့မြန်မာအကြား သိပံ္ပနည်းပညာဖန်တီးမှုလည်း တိုးတက်စေနိုင်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံက နောင်အနာဂတ်မှာ သိပံ္ပနည်းပညာနဲ့ပညာရေးဖက်တွေမှာ ပူးပေါင်းဆောင်ရွက်မှုက ဒီထက် ပိုမိုများပြားလာမယ်”ဟု မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006