၂၀၁၈ ခုနှစ် တရုတ်-မြန်မာ နိုင်ငံတကာမုတ်သုံသစ်တောဖိတ်ခေါ်ပြိုင်ပွဲကို ဧပြီလ(၂၉)ရက်နေ့မှ မေလ(၂)ရက်နေ့ထိ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ လုံးချွမ်းခရိုင် ဟူစရွာတွင် ကျင်းပခဲ့သည်။ ယခုအကြိမ်ပြိုင်ပွဲတွင် ယူနန်ကျုံချိန်မော်တော်ကားလီမိတက်ကုမ္ပဏီမှ အားပေးပံ့ပိုးမှုဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းမော်တော်ဆိုင်ကယ်ပြိုင်ပွဲ၊ ပြည်ပမော်တော်ဆိုင်ကယ်ပြိုင်ပွဲ၊ မော်တော်ကားပြုပြင်မွမ်းမံတပ်ဆင်သည့်ပြိုင်ပွဲနှင့် သာမန်မော်တော်ကားထုတ်လုပ်သောပြိုင်ပွဲ စသည့် ပြိုင်ပွဲ (၄)မျိုးပါဝင်ပါသည်။ ၎င်းပြိုင်ပွဲသို့ စစ်ဆောင်ပန်းနား၊ စိန်ကျိန့်၊ ပေါင်စန်နှင့် တယ်ဟုန်မှ ယှဉ်ပြိုင်သူများ ပါဝင်တက်ရောက်ယှဉ်ပြိုင်ကြပါသည်။ ပြိုင်ပွဲအစီအစဉ်များစွာဖြင့်ကျင်းပခြင်းဖြစ်ရာ ဦးစီးကျင်းပရေးကော်မတီမှ တောစခန်းချခြင်း၊ တေးဂီတသီဆိုပွဲ စသည့်အနုပညာလှုပ်ရှားမှုကိုလည်း ကျင်းပပေးခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူ၊ ၎င်းမိသားစုနှင့် ခရီးသည်များအတွက် "ယှဉ်ပြိုင်မှု၊ လည်ပတ်ခြင်း၊ အစားအသောက်နှင့် ရှုစားခြင်း" ဟူသောတစ်ပေါင်းတည်းသော အထွေထွေအားကစားလှုပ်ရှားမှုကို ဆင်နွှဲနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။
မော်တော်ကား၏ တအုန်းအုန်းမြည်ဟိန်းသံနှင့်အတူ ပွဲကြည့်ပရိသတ်များ၏ သြဘာပေးသံများသည် တရုတ်-မြန်မာနယ်နမိတ်လမ်းကြောင်းတလျောက်တွင် ပြည့်နှက်နေပါတော့သည်။ အကြိတ်အနယ်ယှဉ်ပြိုင်မှုပြီးနောက် ရင်ကျန်းချီယူမော်တော်ကားအဖွဲ့မှ လီရှောင်ယွီနှင့် လုံးချွမ်းရမ်ယီမော်တော်ကားအဖွဲ့မှ စိုင်ကွမ်ဟန်တို့သည် ပြည်ပမော်တော်ဆိုင်ကယ်ပြိုင်ပွဲနှင့် ပြည်တွင်းမော်တော်ဆိုင်ကယ်ပြိုင်ပွဲတွင် ချန်ပီယံဆုကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြပြီး စစ်ဆောင်ပန်းနားမှ စန်ထူနှင့် ရွှေလီမှ ရန်ယုံခန်တို့သည် မော်တော်ကားပြုပြင်မွမ်းမံတပ်ဆင်မှုပြိုင်ပွဲနှင့် သာမန်မော်တော်ကားထုတ်လုပ်သောပြိုင်ပွဲတွင် ချန်ပီယံဆု အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။ ၎င်းယှဉ်ပြိုင်သူများသည် ဆုတံဆိပ်များ ဆွတ်ခူးရရှိကြခဲ့ကြသော်လည်း တက်ကြွထက်သန်မှုအပြည့်ရှိသည့် မိုးသစ်တောပြိုင်ပွဲ၏ စိတ်လှုပ်ရှားစွာ ပါဝင်ခဲ့ကြသည်ကို ပို၍ပျော်ပျော်ပါးပါး ရှိကြသည်။