အာရှဖွံ့ဖြိုးရေးဘဏ်၂၀၁၈ ခုနှစ်နှစ်ပတ်လည်အစည်းအဝေးအတော အတွင်း အာဆီယံနှင့် တရုတ်-ဂျပန်-တောင်ကိုးရီးယား မက်ကရိုစီးပွားရေး သုတေသနရုံးမှ ယခုလ ၃ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ၂၀၁၈ခုနှစ် အရှေ့အာရှဒေသစီးပွားရေး ခန့်မှန်းရေးအစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ၊ ၂၀၁၈ ခုနှစ်တွင် အရှေ့အာရှဒေသ စီးပွားရေးတိုးတက်မှု အရှိန်ကောင်းမွန်ပြီး တိုးနှုန်းမှာ ၅.၄ ရာခိုင်နှုန်းရှိနိုင်၍ ကမ္ဘာ့ပျမ်းမျှတိုးနှုန်း ကျော်လွန်နိုင် မည်ဖြစ်ကြောင်း ဖော်ပြသည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။
အာဆီယံနှင့် တရုတ်-ဂျပန်-တောင်ကိုးရီးယား မက်ကရိုစီးပွားရေးသုတေသန ရုံးမှ စီးပွားရေးပညာရှင် ရှီဟောယီ။