မြေငလျင်ကြိုတင်သတိပေးချက်ထုတ်ပြန်နိုင်ရန် ရှီချွမ်းနှင့်ယူနန်ပြည်နယ်နှစ်ခု၌ တရုတ်နိုင်ငံ၏ ပထမဦးဆုံးမြေအောက် Nephogram ကွန်ရက်ကို တည်ဆောက်သွားမည်ဟု မေလ(၇)ရက်နေ့က ရှီချွမ်းပြည်နယ် မြေငလျင်စခန်းမှ ကြေငြာခဲ့သည်။ မြေအောက် Nephogram ကွန်ရက်ကြီးကြပ်မှုစခန်း (၂၀၀၀)ခန့်ကို မြေပြင်တွင် တပ်ဆင်ထားမည်ဖြစ်ပြီး အဆိုပါ စခန်းများမှတစ်ဆင့် မြေအောက်အနက် (၈)ကီလိုမီတာမှ ကီလိုမီတာ(၂၀)ကျော်အကြားရှိ မြေအောက်ဖိစီးမှုဒဏ်အားနှင့် စွမ်းအင်လှုပ်ရှားမှု အခြေအနေကို ဖမ်းယူကာ ကြီးကြပ်မှုစခန်းသို့ အချိန်မှီ ပို့ပေးပြီးနောက် မြေအောက်ဖိစီးဒဏ်အားနှင့် စွမ်းအင်လှုပ်ရှားမှု ဆင့်ကဲဖြစ်စဉ်အခြေအနေများမှာ စုဆောင်းရေးစခန်းကွန်ရက်တွင် ချက်ချင်း သိရှိ နိုင်မည်ဖြစ်ကြောင်း မိတ်ဆက်ခြင်းအရ သိရှိပါသည်။
“မိုးလေဝသခန့်မှန်းချက်သတင်းရယူတဲ့အခါမှာ တိမ်တွေရဲ့ဖြစ်စဉ်ကို လေ့လာတွက်ချက်ပြီး ရာသီဥတုအခြေအနေကို သိလာရတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့က မြေအောက် Nephogram ကွန်ရက်ကိုလည်း ဒီလိုပါပဲ။ အလိုအလျှောက် ဒါမှမဟုတ် လူစွမ်းအားကတစ်ဆင့် ခွဲခြမ်းစိတ်ဖြာပြီး စမ်းသပ်မယ်။ အကဲဖြတ်မယ်။ အဲဒီကနေပြီး အမိနိုင်ငံရဲ့မြေငလျင်လှုပ်မှု ကြိုတင်ခန့်မှန်းချက် သုတေသနအရည်အချင်းကို တိုးမြှင့်နိုင်မှာဖြစ်တယ်”ဟု တာဝန်ခံတစ်ဦးကပြောသည်။