တရုတ်နိုင်ငံသည် နိုင်ငံ၏ ရုပ်ထွက်ကောင်းမွန်သည့် ကမ္ဘာမြေစူးစမ်းရှာဖွေရေး စီမံကိန်း၏ တစ်စိတ်တစ် ပိုင်းအဖြစ် Gaofen-5 ရောင်စဉ်တန်းရိုက်ကူးရေး ဂြိုဟ်တုအား မေ ၉ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
Gaofen-5 ဂြိုဟ်တုအား Long March 4C ဒုံးပျံ၏နောက်ကျောတွင် သယ်ဆောင်၍ ပေကျင်းစံတော်ချိန် နံနက် ၂း၂၈နာရီတွင် ရှန်ရှီးပြည်နယ်မြောက်ပိုင်းရှိ တိုင်ယွန်ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ လွှတ်တင် ခဲ့ကြောင်း သိရသည်။ ယင်းလွှတ်တင်မှုသည် Long March ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ၏ ၂၇၄ကြိမ် မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။
ယင်းဂြိုဟ်တုအား သဘာဝပတ်ဝန်းကျင် အလုံးစုံ လေ့လာစောင့်ကြည့်ရေး အတွက် အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုကို တရုတ်နိုင်ငံ လေကြောင်းအာကာသသိပ္ပံနှင့်နည်းပညာ ကော်ပိုရေးရှင်းမှ ဖန်တီး ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး သက်တမ်း ၈နှစ် အသုံးပြုနိုင်ရန် ပုံစံရေးဆွဲထားကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း Gaofen-5 ဂြိုဟ်တုကိုလည်း လွှတ်တင်သွားမည်ဖြစ်ပြီး ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းရှိ အခြားသော Gaofen ဂြိုဟ်တုများ နှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)