တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၁၄ ရက်နေ့ က ပေကျင်းတွင် ပိုအော် အာရှဖိုရမ်ကောင်စီ ဥက္ကဋ္ဌသစ် ဘန်ကီမွန်းနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။
ဖိုရမ်ကောင်စီဥက္ကဋ္ဌအဖြစ် အရွေးခံရခြင်းအပေါ် ဝမ်ယိက ဘန်ကီမွန်းအား ဂုဏ်ပြု ကြောင်း ဖော်ပြသည့်အပြင်၊ ပိုအော်အာရှဖိုရမ် တည်ထောင်ခဲ့သည့် ၁၇ နှစ်အတွင်း တိုးတက်အောင်မြင်မှုများစွာရရှိခဲ့ပြီး၊ ဖိုရမ်၏ အိမ့်ရှင်နိုင်ငံအနေနှင့်၊ တရုတ်ပြည်သည် ဖိုရမ်ဖွံ့ဖြိုးရေးအတွက် ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်းလည်း ပြောကြား ခဲ့သည်ဟု သတင်းအရသိရသည်။