တရုတ်နိုင်ငံသည် ၂၀၁၈ ခုနှစ် နွေဦးမျိုးစေ့ကြဲခြင်းကို ယခုရက်ပိုင်းအတွင်း ပြီးမြောက် အောင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာကိန်းဂဏန်းအရ မေလ(၁၇)ရက်နေ့ထိ တရုတ်တစ်ပြည်လုံးတွင် နွေဦး မျိုးစေ့ကြဲခြင်းမှာ (၈၀%)ခန့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ယမန်နှစ်က အချိန်ကာလ တူထက် အရှိန်အဟုန်ပိုမိုမြန်ဆန်ပြီးမြောက်ခြင်းဖြစ်ကာ အစစအရာရာမှာလည်း အဆင် ပြေလျက်ရှိသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ ဒေသအသီးသီးသည် လယ်ယာစိုက်ပျိုးရေး ထောက်ပံ့သည့်အပိုင်း ပြန်လည်ပြုပြင်တည်ဆောက်ရေး၏ အဓိကပန်းတိုင်ကို ပစ်မှတ်ထားကာ အရည်အသွေး ကောင်းမွန်ခြင်းနှင့် အစိမ်းရောင် လယ်ယာစိုက်ပျိုးရေးဆောင်ရွက်ခြင်းဖြင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းအား ရှေ့သို့ချီတက်ရန် တွန်းအားပေးလျက်ရှိသည်။
ကောက်စောစပါးစိုက်ပျိုးခြင်းကို ပြီးမြောက်အောင်လုပ်ဆောင်လျက်ရှိပြီး ရှင်သန်စွာ ကြီးပြင်းလျက်ရှိနေပါသည်။ ကောက်လတ်စပါးသည်လည်း အပင်ငယ်မွေးထုတ် သည့်အချိန်ကာလသို့ ဝင်ရောက်နေပြီဖြစ်ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြသည်။ ပြောင်းစေ့ကြဲခြင်းသည်လည်း (၉၀%) ပြီးမြောက်နေပြီဖြစ်ပြီး ပဲကျပ်ပျဉ်သည်လည်း (၇၀%) စိုက်ပျိုးထားပြီဖြစ်ကြောင်း သိရသည်။