“ခန်ပါအနုပညာပွဲတော်- ၂၀၁၈ ခုနှစ် တီချင့်ပြည်နယ်ခွဲ ရှန်ဂရီလာ ကောက်ညင်းပွဲတော်မြင်းပြိုင်ပွဲ”ကို ဇွန်လ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ ရှန်ဂရီလာတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရှိပါသည်။
ယမန်နှစ်က မြင်းပြိုင်ပွဲသို့ လာရောက်သည့်ခရီးသည်လူဦးရေသည် (၁.၇)သိန်းရှိကြောင်း၊ ယင်းတို့သည် ရှန်ဂရီလာအတွက် ခရီးသွာဝင်ငွေတရုတ်ယွမ် (၈၆)သန်းကျော်ကို ရယူလာကြောင်း၊ ယခုနှစ်မြင်းပြိုင်ပွဲ ပိုမိုစည်ကားမည်ဖြစ်ကြောင်း၊ လှုပ်ရှားမှုအစီအစဉ်လည်း ပိုမိုပေါများကြွယ်ဝလာကြောင်း၊ ရိုးရာထုံးစံ အတိုင်း မြင်းထိန်းကျောင်းပညာပြိုင်ပွဲ၊ မြှားပစ်ခြင်း၊ နှင့်မြင်းစီးခြင်းဆိုင်ရာ အဖိုးတန် ပစ္စည်းဟောင်း ပြပွဲအပြင်၊ ဒေသထွက်ကုန်ပြပွဲ၊ လက်ရေးနှင့်အနုပညာပစ္စည်းပြပွဲနှင့် တီချင့်ပြည်နယ်ခွဲ ယဉ်ကျေးမှု အမွေအနှစ်ကြေငြာပွဲစသည့်အစီအစဉ်လှုပ်ရှားမှုလည်း ပါဝင်မည်ဖြစ်ကြောင်း ရှန်ဂရီလာမြို့ ဒုတိယ အုပ်ချုပ်ရေးမှူးမှ မိတ်ဆက်ပြောကြားသည်။