ကူမင်းအကောက်ခွန်ဌာနလက်အောက် ရွှေလီအကောက်ခွန်ဌာနနှင့် ကျန်ဖုန်အကောက်ခွန်ဌာနတို့သည် မောင်းသူမဲ့လေယာဉ်ဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် ကောင်းကင်မှထောက်လှမ်းစစ်ဆေးပြီး မှောင်ခိုဆန်စပါးစသည့် စားနပ်ရိက္ခာ(၉၈.၁၅)တန်ကို အရေးယူခဲ့ကြောင်း၊ ခန့်မှန်းချက်အရ ခိုးသွင်းသည့် စားနပ်ရိက္ခာ၏ တန်ဖိုးမှာ တရုတ်ယွမ်(၄)သိန်းကျော်ရှိကြောင်း ကူမင်းအကောက်ခွန်ဌာနမှ သိရပါသည်။
ယခုနှစ်ပိုင်း ကူမင်းအကောက်ခွန်ဌာနသည် "စမတ်နည်းပညာဖြင့် မှောင်ခိုပစ္စည်းရှာဖွေဖမ်းဆီးခြင်း"ဟူသောဆောင်ပုဒ်အား ကျင့်သုံးခြင်း၊ လုပ်ဆောင်ချက်အသစ်များကို ဆန်းသစ်တီထွင်ခြင်း၊ "စမတ်နည်းပညာဖြင့် မှောင်ခိုကုန်ရှာဖွေဖမ်းဆီးခြင်း"ကို တွန်းတင်ခြင်း စသည်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်မှီပြီးမြန်ဆန်သွက်လက်သော မောင်းသူမဲ့လေယာဉ်က ပေးစွမ်းသောအားသာချက် များဖြင့် နယ်နိမိတ်မျဉ်းရှည်လျားခြင်း၊ နယ်စပ်ဒေသတွင် လမ်းကလေးများပြားခြင်း၊ တရားမဝင်တင်ပို့ခြင်း စသည့်ထင်ရှားပေါ်လွင်သော အခြေအနေများအပေါ် မှောင်ခိုတရားမဝင်ပြုမှုကို တင်းကြပ်စွာ အရေးယူလျက်ရှိကြောင်း သိရသည်။
(ယူနန်နေ့စဉ်သတင်းစာမှ သတင်းထောက်၊ Liu Ziyu)