တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် ခင်းကျင်းပြသမည့် ပထမအသုတ် ပြည်ဝင်ပစ္စည်းများ ကွန်ဗင်းရှင်းစင်တာသို့ ရှောက်ရှိ

2018-05-30 18:47:20 |သတင်းအရင်းအမြစ် 云南日报

ယခုနှစ် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် ခင်းကျင်းပြသမည့် ပထမအသုတ် ပြည်ဝင်ပစ္စည်းများ မေလ(၂၉)ရက်နေ့ နံနက်(၁၀)နာရီက ကူမင်းတျိန်ချီအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းစင်တာသို့ တင်ပို့ရောက်ရှိလာကြောင်း၊ အဆိုပါပါကစ္စတန်နိုင်ငံ နှင့်အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများသည် သစ်သားလက်မှုအနုပညာပစ္စည်း၊ သစ်သားပရိ ဘောဂ၊ ကြေးရည်စိမ်လက်မှုအနုပညာပစ္စည်း၊ ကျောက်လုပ်လက်မှုအနုပညာပစ္စည် စသည့်ပစ္စည်း (၂၆၃၃)ခုပါရှိပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၄၅၂၀၅.၇)နှင့် စုစုပေါင်းအလေးချိန်မှာ ကိလိုမ်(၉၈၃၂၁.၅)ရှိကာ ကွန်တိန်နာ(၁၄)ခုဖြင့်တင်ပို့လာ ကြောင်း ယူနန်နေ့စဉ်သတင်းစာမှ သိရသည်။

၎င်းခင်းကျင်းပြသမည့်ကုန်ပစ္စည်းများသည် ရေကြောင်းဖြင့် ကွန်ကျိုးဟွန်ဖူ ဆိပ်ကမ်းမှတစ်ဆင့် တင်ပို့လာကြောင်း၊ "ကုန်ပစ္စည်းပြည်ဝင်ရန် ပေါင်းစပ်ခွင့်ပြု ခြင်း(integrated cargo-clearance system )"စနစ်ကျင့်သုံးပြီး ပြည်ဝင်ခွင့်ဂိတ်တွင် အကောက်ခွန်ဌာနမှ အခွန်စည်းကြပ်ရေး အစီအစဉ်များကို တစ်နေရာတည်းတွင် ပြီးစီးအောင်ဆောင်ရွက်ကာ ကူမင်းသို့ တိုက်ရိုက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ယခင်က တရုတ်- တောင်အာရှကုန်စည်ပြပွဲနှင့် လွန်ခဲ့သောနှစ်က အရှေ့တောင်အာရှနိုင်ငံကုန်စည်ပြပွဲနှင့် ကုန်သွယ်ညှိနှိုင်းပွဲတွင် "ကုန်စည်ကူးပြောင်းပြီးမှ အခွန်စည်းကြပ်ရေး(customs transit)"စနစ်ကို အဓိက ကျင့်သုံးပြီး ကုန်စည်ပြည်ဝင်ရန် အခွန်စည်းကြပ်ရေးအစီအစဉ်ကို ဆောင်ရွက်ကြောင်း၊ ကုန်စည်များကို ပြည်ဝင်ပြီးနောက် အကောက်ခွန်ဌာနစည်းကြပ်ရေးမော်တော်ကားဖြင့် ကူမင်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယခုနှစ်တွင်မူ တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် ရေကြောင်းဖြင့် ပို့ဆောင်ပြသမည့် ပြည်ဝင်ကုန်စည်များကို "ကုန်ပစ္စည်းပြည်ဝင်ရန် ပေါင်းစပ်ခွင့်ပြုခြင်း(integrated cargo-clearance system )"စနစ်ဖြင့် အကောက်ခွန်ဌာန ဆောင်ရွက်လျက်ရှိနေကြောင်း ကူမင်းအကောက်ခွန်ဌာနမှ သက်ဆိုင်ရာပုဂ္ဂိုလ်က မိတ်ဆက်ပြောပြသည်။ "ကုန်ပစ္စည်းပြည်ဝင်ရန် ပေါင်းစပ်ခွင့်ပြုခြင်း(integrated cargo-clearance system )"စနစ်မှာ အကောက်ခွန်ဌာနမှ ပြည်ဝင်ကုန်စည်များကို စည်းကြပ်သည့်အချိန်သုံးပုံတစ်ပုံကို လျော့နည်းစေပြီး ပို့ဆောင်ခအားဖြင့်လည်း မော်တော်ကားတိုင်းသည် တရုတ်ယွမ်(၅၀၀)မှ(၁၀၀၀)ကို သက်သာစေနိုင်သည်ဟု ယူနန်ထုံးယီအပြည်ပြည်ဆိုင်ရာပို့ဆောင်ရေးကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

ကူမင်းအခွန်ကောက်ဌာနသည် ပြည်ဝင်အခွန်စည်းကြပ်ရေးအစီအစဉ်များကို ဆောင်ရွက်သည့်အဆင့်အတိုင်း လုပ်ဆောင်ချက်များ ဆောင်ရွက်ကြောင်း၊ ပေါ်လစီများ ပြန့်နှံ့သိရှိနိုင်ရန် ပို့ဆောင်ရေး ကုမ္ပဏီများကို စုစည်းပြီး မရှင်းလင်းသည့်အချက်များကို ရှင်းလင်းဖော်ပြပေးကြောင်း၊ "၅+၂"ရုံးပိတ်ရက်တွင် အလုပ်တာဝန်ကျစနစ်နှင့်"၂၄ နာရီ အချိန်ပိုအလုပ် လုပ်ခြင်း"စနစ်ကို ကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံ နိုင်ငံတော်အကောက်ခွန်ဌာနမှ ယာယီပြည်ဝင်ပြည်ထွက်ကုန်စည်များကို စစ်ဆေးအတည်ပြုရန် ဖျက်သိမ်းခြင်း၊ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တရုတ်-တောင်အာရှကုန်စည်ပြပွဲအပေါ် အခွန်ကင်းလွတ်ခြင်းစသည့် ဦးစားပေးပေါ်လစီများကို ဖော်ဆောင်လျက်ရှိကြောင်း၊ အကောက်ခွန်ဌာန၏ ယာယီဂိုဒေါင်များ စီမံအုပ်ချုပ်ရေးကို မြှင့်တင်ပေးကြာင်း သိရသည်။

(ယူနန်နေ့စဉ်သတင်းစာမှ သတင်းထောက်-Liu Ziyu)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006