ရဲတပ်ဖွဲ့ Great Wall-2018 နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေးဖိုရမ် ရုပ်သိမ်း

2018-06-01 18:02:03 |သတင်းအရင်းအမြစ် CIR 缅文

၎ ရက်ကြာကျင်းပခဲ့သည့်ရဲတပ်ဖွဲ့ Great Wall-2018 နိုင်ငံတကာအကြမ်းဖက် မှုတိုက်ဖျက်ရေးဖိုရမ်ကို ယမန်နေ့ မေလ ၃၁ ရက်နေ့က ပေကျင်း၌ ကျင်းပပြီးစီးခဲ့သည်။ တရုတ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်၊ ဂျော်ဒန်၊ အီဂျစ်၊ ပြင်သစ်၊ မက္ကဆီကို စသည့်နိုင်ငံ ၂၈ နိုင်ငံမှ တာဝန်အမျိုးအစားတူတပ်ဖွဲ့မှ ကိုယ်စားလှယ် ၁၈၀ ခန့်သည် တောင်ယာမြေ အကြမ်းဖက်မှုဆန့်ကျင်ရေး နှင့်ပတ်သက်ပြီး နက်ရှိုင်းစွာ ကူးလူးဖလှယ်ခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရသည်။

ရဲတပ်ဖွဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝမ်နင်က ပိတ်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ရေရှည်ကာလအတွင်း တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့် နည်းတူ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းကို အလေးထားကြောင်း၊ တရုတ်ရဲတပ်ဖွဲ့ Great Wall ဖိုရမ်ကျင်းပခြင်းသည် အတူမျှဝေခံစားနိုင်သော ပလက်ဖေါင်းတစ်ခု ပံ့ပိုးပြီး အတူအောင်နိုင်သော ထိရောက်သည့်လမ်းကြောင်းကို ရှာကြံကာ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနယ်ပယ်မှ လက်တွေ့ကျ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ရန် ရည်ရွယ်ကြောင်း ပြောကြားသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006