SCO အစည်းအဝေးအတွက် မီဒီယာစင်တာကို ဇွန်လ ၆ ရက်တွင် ဖွင့်မည်

2018-06-04 20:50:51 |သတင်းအရင်းအမြစ် 新华网

၁၈ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Coorperation Organization) ထိပ်သီးအစည်းအဝေး၏ မီဒီယာစင်တာကို ဇွန်လ ၆ ရက်မှ စတင်ကာ ပြည်တွင်း ပြည်ပ သတင်းစာဆရာများအတွက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အစည်းအဝေးဖြစ်မြောက်ရေး စီစဉ်သူများက ဇွန်လ ၃ ရက်တွင် ပြောကြားလိုက်သည်။

မီဒီယာစင်တာ၏ အဆောက်အအုံမှာ စတုရန်းမီတာ ၃၅၀,၀၀၀ ကျယ်ဝန်းပြီး သတင်းစာဆရာ ၃,၀၀၀ ခန့်အတွက် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း စင်တာ၏ ဒုတိယ ညွှန်ကြားရေးမှူး ဟူရှောင်တုံ က ပြောကြားခဲ့သည်။

အဆိုပါ စင်တာကို ဇွန်လ ၆ ရက်မှ ၁၁ ရက်အထိ ဖွင့်လှစ်မည်ဖြစ်သည်။ ၁၈ ကြိမ်မြောက် SCO ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် ချင်းသောင်မြို့တွင် ဇွန်လ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပရန်လျာထားကြောင်း သိရသည်။ (Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006