[တံခါးဖွင့်မူဝါဒကျင့်သုံးသည့်အနှစ်(၄၀)ခရီး] တရုတ်နိုင်ငံ၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်း အနှစ်(၄၀)ပြည့်နှစ်မှတ်တမ်း

2018-06-06 19:06:44 |သတင်းအရင်းအမြစ် 新华网

၁၉၇၇ ခုနှစ် ပေကျင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာကို သေချာစွာဖြေဆိုနေကြသော လူငယ်များကို တွေ့ရစဉ်။

၁၉၇၇ ခုနှစ် အောက်တိုဘာလက တရုတ်တစ်ပြည်လုံးရှိ အသက်အရွယ်မတူသော၊ အိမ်ထောင်အခြေအနေမတူသောသူပေါင်း (၅၇)သိန်းကျော်သည် တက္ကသိုလ်ဝင်စာမေးပွဲသို့ ပါဝင်ဖြေဆိုခဲ့ကြသည်။ ဤနှစ်တွင် တရုတ်နိုင်ငံသည် တက္ကသိုလ်ဝင်စာမေးပွဲစနစ်ကို ပြန်လည်ကျင့်သုံးလာပြီး ထိုအချိန်မှစ၍ သားစဉ်မြေးဆက်၏ကံကြမ္မာကို ပြောင်းလဲစေခဲ့သည်။

အနှစ်(၄၀)ပြည့်နှစ်တွင်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ခေတ်ကာလဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ အဆက် မပြတ် ပြောင်းလဲမြှင့်တင်ခဲ့သည်။ တရုတ်နိုင်ငံပညာရေးအရည်အချင်းနှင့် တရုတ်စီးပွားရေးတိုးမြှင့်ခြင်း အခြေအနေများကို ထင်ဟပ်ကာ ကိုယ်စားပြုနေသည်။

ယခုရက်ပိုင်းသည် တရုတ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုချိန်ဖြစ်ပြီး ပရိသတ်များအား အနှစ်(၄၀)အတွင်း ပြောင်းလဲလာသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်းသမိုင်းကြောင်းကို ကျွန်တော်တို့သည် ဓာတ်ပုံများဖြင့် တင်ဆက်ဖော်ပြပေးပါမည်။

၁၉၉၇ ခုနှစ် တရုတ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ကျောင်းသူကျောင်းသားများသည် ရူပဗေဒစမ်းသပ် မှုသင်တန်းကို တက်ရောက်နေစဉ်။

၁၉၇၈ ခုနှစ်၏ဆောင်းဦးရာသီတွင် ပေကျင်းတက္ကသိုလ်သည် တက္ကသိုလ်ဝင်စာမေးပွဲစနစ်ကို ပြန်လည်ကျင့်သုံးပြီးနောက် ပထမအသုတ်ကျောင်းသူကျောင်းသားကို ခေါ်ယူခဲ့သည်။

၁၉၈၀ ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့တွင် ကျေးလက်ဒေသမှ အသက်(၁၃)နှစ်သာရှိသော လူငယ်စီးကျန်သည် တရုတ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်စားမေးပွဲကို အောင်မြင်စွာဖြေဆိုပြီး သင်္ချာဘာသာမေဂျာဖြင့် တက္ကသိုလ်တက်ရောက်ခဲ့သည်။

၁၉၈၄ ခုနှစ်တွင် အင်္ဂလိပ်ဘာသာသည် တက္ကသိုလ်ဝင်စာမေးပွဲ၏ ဖြေဆိုရမည့်ဘာသာရပ်တစ်ခုအဖြစ် တရားဝင်ဖြစ်လာပါသည်။

၁၉၈၅ ခုနှစ်၊ တရုတ်ပညာရေးဝန်ကြီးဌာန၏ ပြဌာန်းချက်အရ၊ တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူကျောင်းသားများအနက် တက္ကသိုလ်ဝင်ရန် အမှတ်မမီသော်လည်း မိမိကိုယ်ပိုင်စရိတ်ဖြင့်တက်ရောက်မည့် ကျောင်းသူကျောင်းသားကို ခေါ်ယူလက်ခံနိုင်သည်။ ထိုအချိန်မှစပြီး တရုတ်နိုင်ငံတက္ကသိုလ်ကျောင်းသူကျောင်းသားခေါ်ယူခြင်းသည် နိုင်ငံတော်စီမံကိန်းအရ သတ်မှတ်သည့်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုစနစ်နှင့် အနိမ့်ဆုံးမှတ်မရောက်နိုင်သော်လည်း ကိုယ်ပိုင်စရိတ်ဖြင့်ဝန်ဆောင်ပေးသည့် စနစ်နှစ်မျိုးအတူယှဉ်တွဲ ကျင့်သုံးဆောင်ရွက်သည်။

၁၉၉၂ ခုနှစ်မတ်လ(၈)ရက်နေ့တွင် ပေကျင်းမြို့စာမေးပွဲဖြေဆိုမည့်သူဦးရေ (၄)သောင်းကျော်သည် Adult University Entrance Exam ဆိုင်ရာအကြောင်းကို မေးနေစဉ်။

၁၉၉၉ ခုနှစ် ဇူလိုင်လ(၇)ရက်နေ့တွင် ပေကျင်းကျောင်းသူကျောင်းသားခေါ်ယူလက်ခံခြင်းဌာနသည် Therapeutic Pneumothorax ရောဂါစွဲကပ်နေသည့် ကျောင်းသားတစ်ယောက်အတွက် အထူးစာဖြေခန်းကို စီစဉ်ပေးခဲ့သည်။ ၁၉၉၉ ခုနှစ်မှစ၍ ရိုးရိုးဘွဲ့၊ မဟာဘွဲ့ စသည့်ဘွဲ့ရကျောင်းသူကျောင်းသား ခေါ်ယူသူဦးရေတိုးချဲ့ခြင်းသက်ဆိုင်သည့် ပေါ်လစီကို စတင်ကျင့်သုံးသည်။

၂၀၀၂ ခုနှစ်ဇူလိုင်လ(၇)ရက်နေ့က ပေကျင်းမြို့တွင် အင်္ဂလိပ်ဘာသာနားထောင်စွမ်းရည်စာမေးပွဲကို ကျင်းပခဲ့သည်။ ယင်းသည်လည်း အင်္ဂလိပ်ဘာသာနားထောင်စွမ်းရည်ရမှတ်အား အင်္ဂလိပ်ဘာသာစာမေးပွဲအမှတ်ထဲသို့ ပထမအကြိမ် ပေါင်းထည့်ခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ် တရုတ်ပညာရေးဝန်ကြီးဌာနပြဌာန်းချက်အရ၊ တစ်ပြည်လုံးရှိ တက္ကသိုလ်(၂၂)ကျောင်းအား လွတ်လပ်သောကျောင်းအပ်လက်ခံခွင့်ကို ရှေ့ပြေးအတည်ပြုခဲ့သည်။ ထိုစဉ်ကစတင်က တက္ကသိုလ်နှင့် ကောလိပ်များသည် မိမိတို့၏ဆန္ဒအလျှောက် မေးခွန်းလွှာရေးသားဖြေဆိုစေပြီး ကျောင်းသူကျောင်းသားခေါ်ယူခြင်းစနစ် စမ်းသပ်ကျင့်သုံးသည့် တက္ကသိုလ်သည် အဆက်မပြတ်တိုးများလာသည်။

၂၀၁၆ ခုနှစ်ဇွန်လ(၈)ရက်နေ့တွင် နောက်ဆုံးဘာသာရပ် စာမေးပွဲဖြေဆိုပြီးမြောက်သည့် ကျောင်းသူ ကျောင်းသားများသည် စာမေးပွဲခန်းမှ ထွက်ခွာလာကြပုံကို တွေ့ရသည်။ သတင်းအရသိရသည်မှာ-- ၂၀၂၀ ခုနှစ်မှစပြီး ပေကျင်းမြို့သည်“၃+၃”စာမေးပွဲဖြေဆိုပုံကို ကျင့်သုံးရမည်ဖြစ်သည်။ “၃+၃”စာမေးပွဲဖြေဆိုပုံဆိုသည်မှာ မဖြစ်မနေဖြေဆိုရမည့် ဘာသာရပ်ကို ဖြေဆိုခြင်းနှင့် ဘာသာရပ်အချို့ကို ရွေးချယ်ဖြေဆိုနိုင်ခြင်းဟူ၍ နှစ်မျိုးခွဲထားမည်ဖြစ်ပြီး တရုတ်စာ၊ အင်္ဂလိပ်နှင့် သင်္ချာဘာသာ စသည့် ဘာသာရပ်(၃)ခုသည် မဖြစ်မနေဖြေဆိုရမည့်ဘာသာရပ်ဖြစ်ပြီး နိုင်ငံရေး၊ သမိုင်း၊ ပထဝီ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒ စသည့်ဘာသာရပ်(၆)မျိုးအနက် မိမိဆန္ဒအလျှောက်(၃) ဘာသာရွေးဖြေနိုင်မည်ဖြစ်သည်။

သတင်းနှင့်ပုံ၊ ဆင်ဟွာသတင်းဌာနမှ ကောက်နုတ်ထားသည်။
ဘာသာပြန်၊ Yunan Gateway။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006