တရုတ်နိုင်ငံ၌ ယခုနှစ်အတွက် ပထမဆုံး ပန်ဒါဝက်ဝံ အထီး-အမ အမွှာနှစ်ကောင် မွေးဖွား

2018-06-06 19:15:19 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွန်းပြည်နယ်တွင် ဇွန်လ ၅ ရက် နံနက်ပိုင်းက ယခုနှစ်အတွက် ပထမဆုံး ပန်ဒါဝက်ဝံ အထီး-အမ အမွှာနှစ်ကောင် မွေးဖွားခဲ့ကြောင်း သိရသည်။

ပန်ဒါမကြီး ယယန်(Ya Yun) သည် ချန်ဒူးပန်ဒါသားဖေါက် သုတေသန စင်တာ ၌ ပန်ဒါဝက်ဝံ အမွှာနှစ်ကောင်ကို မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

သားပေါက် ပန်ဒါဝက်ဝံအမသည် ကိုယ်အလေးချိန် ၁၃၅.၃ ဂရမ် ရှိပြီး ၄င်းကို ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂ဝ မိနစ်တွင် မွေးဖွားခဲ့သည်။ နောက် ၉ မိနစ်အကြာတွင် ပန်ဒါဝက်ဝံအထီးကို မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းမှာ ကိုယ်အလေးချိန် ၁၄၈.၈ ဂရမ်ရှိကြောင်း သိရသည်။

“ဒီနှစ်ကောင်ကတော့ ယခုနှစ်အတွက် ပထမဆုံး ပန်ဒါဝက်ဝံ အထီးအမ အမွှာစုံတွဲ တစ်ခုပဲ။ ပန်ဒါ အမေရော ပန်ဒါပေါက်လေးနှစ်ကောင်ပါ အားလုံးကျန်းမာရေးကောင်းကြပါတယ်” ဟု စင်တာမှ ဝန်ထမ်း တစ်ဦးက ဆိုသည်။

ပန်ဒါဝက်ဝံမကြီး ယယန်ကို ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာ ၁ဝ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် ၁၉၉ဝ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပေကျင်းအာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနေ့ ၌ မွေးဖွားခဲ့သော ပန်ဒါဝက်ဝံ ယယ ( Ya Ya) ၏ အငယ်ဆုံး သားပေါက်ကလေးဖြစ်ကြောင်း သိရသည်။(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006