တရုတ်နိုင်ငံ ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့မှစ၍ ကျင်းပရာ ယခုနှစ် ယူနန်ပြည်နယ်တွင် စာဖြေကျောင်းသူကျောင်းသားဦးရေသည် (၃၀၀၂၉၆)ဦးရှိပြီး ၎င်းတို့အနက် ဝိဇ္ဇာတွဲဖြေဆိုသူ(၁၁၉၅၆၄)ယောက်၊ သိပ္ပံတွဲဖြေဆိုသူ(၁၅၆၅၀၀) ယောက်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်ဖြေဆိုသူ (၂၄၂၃၂)ယောက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ကူမင်းမြို့၌ စာဖြေဌာန (၃၃)ခု စီစဉ်ထားသည်ဟုလည်း သိရှိရပါသည်။
သတင်းအရင်းအမြစ်၊ yunan gateway