တတိယဘက်လူမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ Mycos မှ ယမန်နေ့ ၁၁ ရက်နေ့က ပေကျင်း၌ ထုတ်ပြန်သော ၂၀၁၈ ခုနှစ် တရုတ် တက္ကသိုလ်ကျောင်းသားများ အလုပ်အကိုင်ရရှိမှုဆိုင်ရာ အစီအရင်ခံစာအရ ၂၀၁၇ ခုနှစ် တက္ကသိုလ်ကျောင်းသားများ ဘွဲ့ရသည့် နှစ်ဝက်အပြီး အလုပ်အကိုင် ရရှိမှုနှုန်းမှာ ၉၁.၉ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၆၊ ၂၀၁၅ ခုနှစ်နှင့် အခြေခံအားဖြင့် တူညီကြောင်း၊ ၎င်းအနက် အဆင့်မြင့် အသက်မွေးပညာသင်ကျောင်းနှင့် အဆင့်မြင့်ကောလိပ်ကျောင်းတို့၏ အလုပ်လုပ်ကိုင် မှုနှုန်းမှာ ပထမဆုံးအကြိမ်အဖြစ် တက္ကသိုလ်များကို ကျော်လွှားကြောင်း သိရပါသည်။