ပထမအကြိမ်"လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသခွဲနိုင်ငံများ သတင်းပြန်ကြားရေးအရာရှိနှင့် သတင်း စာဆရာမွမ်းမံသင်တန်း" ဖွင့်ပွဲအခမ်းအနား ကျင်းပ

2018-06-12 19:17:37 |သတင်းအရင်းအမြစ် 云桥网

   "တစ်မြစ်တည်းတွင် စီးဆင်းလျက်ရှိသောမေတ္တာ၊ တစ်အိမ်တည်းတွင် ချစ်ခင်သောညီအစ်ကိုမောင်နှမ"ဟု ဆိုသည့်အတိုင်း ယနေ့ နံနက်ပိုင်းက ပထမအကြိမ် "လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသခွဲနိုင်ငံများ သတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာမွမ်းမံသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ကူမင်းမြို့တွင် ကျင်းပပြီး ၎င်းအစီအစဉ်ကို တက်ရောက်သည့် (၆)နိုင်ငံမှ မွမ်းမံသင်တန်းသားများသည် ချစ်ကြည်ရေးမြစ်ကို သင်္ကေတပြုထားသောဆိုင်းဘုတ်တွင် အပြာရောင်ကြာပဒုမ္မာပန်း(၆)ပွင့်ကို တင်ထားလိုက်ပါသည်။

    ယခုအကြိမ်မွမ်းမံသင်တန်းမှာ တရုတ်နိုင်ငံ နိုင်ငံတော်စီမံကိန်းမှ ထောက်ပံ့မှုဖြင့် ယူနန်နေ့စဉ် သတင်းစာအဖွဲ့က ဦးစီးကျင်းပခြင်းဖြစ်သည်။ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ် စသည့်နိုင်ငံ(၅)ခုမှ သင်တန်းသားသင်တန်းသူ(၁၇)ဦးတို့ တက်ရောက်ကြပါသည်။ မွမ်းမံသင်တန်း ဆင်နွှဲစဉ်ကာလအတွင်း သူတို့သည် ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ သတင်းထောက်များနှင့်အတူ မြန်နှုန်းမြင့်ရထားစီးနင်းခြင်းနှင့် နယ်စပ်ဒေသသို့ လည်ပတ်ခြင်းဖြင့် ကူမင်း၊ လင်ချန်းနှစ်မြို့တွင် ပေါများကြွယ်ဝလှသော ဖလှယ်ရေးလှုပ်ရှားမှုကို လုပ်ဆောင်မည်ဖြစ်သည်။ (၅)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ နှင့်(၂၅)ကြိမ်မြောက် တရုတ်ကူမင်းသွင်းကုန်ပို့ကုန်ပြပွဲကိုလည်း ပါဝင်တက်ရောက်သွားမည်ဖြစ်သည်။

    မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ယခုနှစ်ပိုင်းအတွင်း ယူနန်မီဒီယာအဖွဲ့ကို ကိုယ်စားပြုသော ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများနှင့် အကျိုးသက်ရောက်မှုရှိသော ဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများစွာကို လုပ်ဆောင်ခဲ့ကြောင်း၊ မီဒီယာများအကြား တည်ဆောက်ထားသော ချစ်ကြည်ရေးတံတားကြီးမှာ လန်ချန်းမြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးကျေးဇူးကောင်းများ ဆောင်ကြဉ်းပေးကြောင်း၊ ဤအကြိမ်မွမ်းမံသင်တန်းမှာ ယူနန်နှင့် မဲခေါင်မြစ်မြစ်ဝှမ်းဒေသနိုင်ငံအသီးသီးတို့ ဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းအသစ်ကို တည်ဆောက်ပေးကြောင်း၊ ၎င်းနိုင်ငံအသီးသီးတို့ မီဒီယာများသည် သတင်းအချက်အလက်မျှဝေခြင်း၊ ဖလှယ်ရေးစသည့်ကဏ္ဍများ တွင် အချင်းချင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယူနန်နှင့် မဲခေါင်မြစ်မြစ်ဝှမ်းဒေသနိုင်ငံများ မီဒီယာ အကြား ကူးလူးဆက်ဆံရေးနှင့် အပြန်အလှန်နားလည်မှုကို မြှင့်တင်လိမ့်မည်ဖြစ်ကြောင်း၊ နှစ်ဦးနှစ် ဖက်တို့သည် သဘောတူညီချက်များကို ပို၍ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ယူနန်ပြည်နယ်ပါတီ ကော်မတီ ပြန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးရုံး ဌာနမှူး လီချမ်းက ပြောကြားလိုက်ပါသည်။

     ယခုနှစ်ပိုင်းတွင် ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် တရုတ်နိုင်ငံအကြောင်းကို တက်ကြွစွာ ရေး သားဖော်ပြလျက်ရှိပြီး အထူးသဖြင့် ယူနန်နှင့် မဲခေါင်မြစ်မြစ်ဝှမ်းဒေသနိုင်ငံများအကြား ချစ်ခင်ရင်းနှီး သောကူးလူးဆက်ဆံရေးဖြစ်ကြောင်း၊ ပြည်သူလူထုအကြား ယဉ်ကျေးမှုဖလှယ်ရေး၊ မဲခေါင်မြစ်မြစ်ဝှမ်း ဒေသနိုင်ငံများသို့ သွားရောက်ပြီး မီဒီယာများအကြား ဖလှယ်ရေး၊ အကြီးစားပရဟိတလှုပ်ရှားမှုများကို ဆင်နွှဲခြင်း၊ အချင်းချင်းဆက်ဆံသောပလက်ဖောင်းကို တည်ဆောက်ခြင်းစသည်တို့ ဖော်ဆောင်ခဲ့ ကြောင်း၊ တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်နိုင်ငံများပြည်သူအကြား အချင်းချင်းသိရှိနားလည်မှုနှင့် ချစ်ခင်ရင်း နှီးသော ချစ်မေတ္တာများကို တိုးများရာတွင် ခရီးရောက်ခဲ့ပါကြောင်း၊ ခင်မင်ရင်းနှီးစွာဖြင့်ဆက်ဆံရေးတေး သီချင်းများစွာကို ဖွဲ့ဆိုခဲ့ကြောင်း၊ ယခုအကြိမ်မွမ်းမံသင်တန်းမှာ လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသခွဲ နိုင်ငံများ သတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာများအတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး မဲခေါင်မြစ်မြစ်ဝှမ်းဒေသနိုင်ငံများသတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာများနှင့် ချစ်ကြည်ရေး မြှင့်တင်ပေးသောတံတားဖြစ်ကြောင်း၊ ဤမွမ်းမံသင်တန်းမှတစ်ဆင့် လန်ချန်းမြစ်-မဲခေါင်မြစ်ပူးပေါင်း ဆောင်ရွက်မှု၊ လူသားချင်းကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရေးအတွက် အကျိုးကျေးဇူး သက်ရောက်စေနိုင်ရန် ၎င်း(၆)နိုင်ငံတို့အတူဖန်တီးသော "တစ်မြစ်တည်းတွင် စီးဆင်းလျက်ရှိသောမေတ္တာ၊ တစ်အိမ်တည်းတွင် ချစ်ခင်သောညီအကိုမောင်နှမ"ဟု ဆိုသည့်လန်ချန်းမြစ်-မဲခေါင်မြစ်မီဒီယာယဉ်ကျေးမှုမှာ တည်တံ့ခိုင်မြဲပါစေ မျှော်လင့်ပါကြောင်း ယူနန်နေ့စဉ်သတင်းစာအဖွဲ့ အယ်ဒီတာချုပ် ရန်ယွန်က ပြောသည်။

    "ဒီမွမ်းမံသင်တန်းကို တက်ရောက်နိုင်တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ဂုဏ်ယူပါတယ်။"ဟု ကမ္ဘောဒီးယားနိုင်ငံပြန်ကြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်၊ Deputy Director of General Administration of Public Affairs and Finance, Ministry of Information ဖြစ်သူ LONG SENG ကပြောကြားပါသည်။ မွမ်းမံသင်တန်းသားကိုယ်စားလှယ်အနေနှင့် ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏အိမ်နီးချင်းနိုင်ငံကောင်း၊ ချစ်မိတ်ဆွေကောင်းဖြစ်ကြောင်း၊ ယခုနှစ်ပိုင်းက ယူနန်နေ့စဉ် သတင်းစာအဖွဲ့သည် "ကမ္ဘောဒီးယားအလင်း"သတင်းစာနှင့် ပူးပေါင်းဆောင်ရွက်ပြီး "တရုတ်·ယူနန်" ဟူသောကော်လံကို ဖွင့်လှစ်ရေးသားဖော်ပြလိုက်ပြီဖြစ်ကြောင်း၊ ကမ္ဘောဒီးယားစာဖတ်ပရိသတ်များ သည် ကမ္ဘောဒီးယားဘာသာမဂ္ဂဇင်း"ခမာ"ကို နှစ်ကြိုက်ကြကြောင်း၊ ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် သတင်းထောက်ရုံးခွဲကို တည်ထောင်ခဲ့ကြောင်း မီဒီယာသတင်း၊ စီးပွားရေး၊ ယဉ်ကျေးမှုစသည့်နယ်ပယ်များတွင် တံတားကြီးကို တည်ဆောက်ခဲ့ကြောင်း သူက ဆက် လက်ဖော်ပြပါသည်။ ယခုအကြိမ်လှုပ်ရှားမှုမှာ သတင်းမီဒီယာအကြား အချင်းချင်းသိရှိနားလည်မှု၊ တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံအပါအဝင်ဖြစ်သော မဲခေါင်မြစ်မြစ်ဝှမ်းဒေသနိုင်ငံများအကြား မီဒီယာပူးပေါင်းဆောင်ရွက်မှုနှင့်ဖလှယ်ရေးကို ရှေ့တစ်ဆင့် မြှင့်တင်သွားနိုင်မည်ဖြစ်ကြောင်း၊ တရုတ်နှင့် မဲခေါင်မြစ်မြစ်ဝှမ်းဒေသနိုင်ငံများတို့ အတူအောင်မြင်သော၊ အတူတည်ဆောက်သော ကောင်းမွန်သော သတင်းအာဘော်ကို ဖန်တီးနိုင်မည်ဖြစ်ပြီး  ဒေသသတင်းမီဒီယာဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှု တွင် စံပြနမူနာဖြစ်လာမည်ဖြစ်ကြောင်း LONG SENG သည် ပြောကြားပါသည်။

    ဤမွမ်းမံသင်တန်းမှာ ယူနန်ပြည်နယ်သည် လန်ချန်းမြစ်-မဲခေါင်မြစ်(၆)နိုင်ငံမှ မီဒီယာလုပ်သား များအတွက် တစ်ချိန်တည်းတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သည့်သင်တန်းဖြစ်ပြီး (၆)နိုင်ငံမီဒီယာတို့သည် လေးနက်စွာ ဖလှယ်ဆက်ဆံနိုင်ရန်လည်းကောင်း အချင်းချင်း အတုယူနိုင်ရန်လည်းကောင်း ရည်ရွယ်ထားကြောင်း၊ ထို့နည်းအတူ၊ ဤမွမ်းမံသင်တန်းမှတစ်ဆင့် လန်ချန်းမြစ်-မဲခေါင်မြစ်ပူးပေါင်း ဆောင်ရွက်မှုစနစ်ကိုဖော်ပြရန်၊ လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းနိုင်ငံတို့ ချစ်ကြည်ရေးတိုးများရန်၊ လန်ချန်းမြစ်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှု တွန်းတင်ရန် (၆)နိုင်ငံမီဒီယာတို့ အကောင်အထည်ဖော် ဆောင်ရွက်ရေးကို ဖြစ်မြောက်နိုင်ကြောင်း သိရသည်။ (သတင်းထောက်။ Zhang Ruogu၊ Zhu Dongran)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006