သာယာလှပသောယူနန် သဘာဝထိန်းသိမ်းရေးဇုန်ကို ဖြတ်ကျော်ခြင်း သတင်းထောက်အဖွဲ့ ပိုင်မာနှင်းတောင်ကို သွားရောက်လေ့လာ

2018-06-13 20:32:16 |သတင်းအရင်းအမြစ် 云桥网

ယူနန်နေ့စဉ်သတင်းစာအဖွဲ့နှင့် ယူနန်ပြည်နယ်သစ်တောရေးရာဦးစီးဌာနတို့ ဖွဲ့စည်းထားသော "သာယာလှပသောယူနန် သဘာဝထိန်းသိမ်းရေးဇုန်ကို ဖြတ်ကျော်ခြင်း" သတင်းထောက်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်း(၉)နာရီက ကူမင်းမှထွက်ခွာပြီး ပိုင်မာနှင်းတောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်ကို သွားရောက်ခဲ့ကြသည်။

အဆိုပါခရီးစဉ်သည် ကောက်လီကုန့်တောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်၊ ယူလုံးတျန်ချီ နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်ကို သတင်းယူခရီးစဉ်အပြီးတွင် သာယာလှပသောယူနန် သဘာဝထိန်းသိမ်းရေးဇုန်ကိုဖြတ်ကျော်ခြင်း သတင်းထောက်အဖွဲ့၏ သွားရောက်လေ့လာသော တတိယမြောက် နိုင်ငံတော်သဘာဝထိန်းသိမ်းရေးဇုန်ဖြစ်သည်။

 

ယူနန်သဘာဝထိန်းသိမ်းရေးဇုန်များကို အဘယ်ကြောင့် သွားရောက်လေ့လာရသနည်း။

ကျွန်တော်တို့ အဆိုပါသတင်းယူခရီးစဉ်အား အချိန်ကြာမြင့်စွာ စီစဉ်ခဲ့ရပါသည်။ ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ သတ္တဝါအမျိုးအစားအပေါများဆုံး ပြည်နယ်ဖြစ်ပြီး မြောက်ကမ္ဘာခြမ်းတွင် သတ္တဝါအမျိုးအစားအပေါများဆုံးဒေသဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွေးအခေါ်များကို လူအများက သိမြင်လာကြသည်။ ယူနန်သည် သဘာဝကပေးစွမ်းသောအရင်းအမြစ်နှင့် ကောင်းမွန်သောသဘာဝပတ်ဝန်းကျင်ကြောင့် လူအများအား ဆွဲဆောင်လျက်ရှိနေပါသည်။ တရုတ်ကွန်မြူနစ်ပါတီ(၁၈)ကြိမ်မြောက်ပြည်လုံးဆိုင်ရာညီလာခံတွင် သဘာဝပတ်ဝန်းကျင် ကောင်းမွန်လာရန် ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေးကို အလေးထားဖော်ဆောင်လာသည်နှင့်အညီ ယူနန်၏ သဘာဝအလှတရားကို မည်သို့ ရေးသားဖော်ပြမည်နည်း၊ ယူနန်သည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ကောင်းမွန်လာရန် ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေးအတွက် မည်သို့ ကြိုးပမ်းဆောင်ရွက်ခဲ့သနည်း ဆိုသည်ကို ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးကြသည်။

  

ကျွန်တော်တို့သည် သဘာဝထိန်းသိမ်းရေးဇုန်ကို တဖြည်းဖြည်းချင်း အာရုံစူးစိုက်လာကြသည်။ ၎င်းထိန်းသိမ်းရေးဇုန်များကို လေ့လာကြည့်ရှုပြီးနောက် ယူနန်ကို ရုက္ခဘုရင်နိုင်ငံ၊ တိရစ္ဆာန်ဘုရင်နိုင်ငံဟု ချီမြှင့်ခေါ်ဝေါ်သည့်အကြောင်းအရာကို သိရှိရပါသည်။ မြေပေါ်တွင် ကြီးထွားလျက်ရှိနေသော ပန်းပင်မြက်ပင်များနှင့်သတ္တဝါများသည် ကျွန်တော်တို့နှင့်အတူရှင်သန်နေကြသည်ကို လေးနက်စွာ သိရှိကြရသည်။ သဘာဝပတ်ဝန်းကျင် ကောင်းမွန်လာရန် ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေးအတွက် ကျွန်တော်တို့ ချက်ခြင်းပင် ကြိုးပမ်းလုပ်ဆောင်ရန် လိုအပ်နေသည်ကို သိမြင်လာရပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006