ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာကုန်သွယ်ရေးဖိုရမ်ကို ဇွန်လ(၁၃) ရက်နေ့က ကူမင်းမြို့တွင် ကျင်းပခဲ့ရာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စသည့်လေးနိုင်ငံတို့မှ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်း ကိုယ်စားလှယ်များ ဤလှုပ်ရှားမှုကို တက်ရောက်ကြကြောင်း၊ အဆိုပါဖိုရမ်မှာ "အပြန်အလှန် ချိတ်ဆက်ပြီး အောင်မြင်မှုကို အတူမျှဝေခြင်း"ဟူသော အဓိကဆောင်ပုဒ်ဖြင့် ယခုလ(၁၄)ရက်နေ့ထိ ဆက်လက်ကျင်းပ ကြောင်း၊ ကျင်းပစဉ်ကာလအတွင်း အဓိကဆောင်ပုဒ်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲများ၊ လုပ်ငန်းအဖွဲ့များချိတ်ဆက်ပွဲ၊ ကုန်သွယ်ရေးကောင်စီအစည်းအဝေးစသည်များကို ပြုလုပ် ကြောင်း ယူနန် နေ့စဉ်သတင်းစာမှ သိရပါသည်။
သတင်းထောက်၊ Chu Donghua