တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကြွေထည်ထုတ်လုပ်ရေးအား အစောဆုံးဖန်တီးသည့်နိုင်ငံအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် အာကာသ၌ ကြွေထည်ထုတ်လုပ်နိုင်သည့်ပညာကို သုတေသန ပြုလျက်ရှိကြောင်း သိရသည်။ အဆိုပါနည်းပညာအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါက လူသားများသည် လဗိမာန်၊ အင်္ဂါဂြိုဟ်သို့မဟုတ် အခြားဂြိုဟ်များတွင် အခြေချစခန်းတည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ပြင် အဆိုပါနည်းပညာဖြင့် လကမ္ဘာပေါ်မှ မြေကြီးဖြင့် ရေခွက် လုပ်နိုင်မည်ဖြစ်သည်။
ယခုရက်ပိုင်းတွင် တရုတ်သိပံ္ပနှင့်နည်းပညာအကယ်ဒမီ၏ ဝန်ထမ်းများသည် ဆွစ်ဇာလန်နိုင်ငံ၌ ဥရောပ၏ Weightless aircraft ဖြင့် တရုတ်နိုင်ငံပြည်တွင်းပထမဦးဆုံးအကြိမ်ဖြစ်သော Microgravity ကြွေထည် 3D ပုံဖြင့်မိတ္တူကူးခြင်းဆိုင်ရာစမ်းသပ်ခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။
ထို့ပြင် တရုတ်သိပံ္ပပညာရှင်များသည်လည်း အဆိုပါ 3D ကြွေထည်ပုံဖြင့် Microgravity ပတ်ဝန်းကျင်၌ သတ္တုထည်အချက်အလက် ထည့်သွင်းနည်းစမ်းသပ်ခြင်းလည်း ပထမဦးဆုံးအကြိမ်အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
အဆိုပါစမ်းသပ်ခြင်းနှစ်ရပ်၏ ရည်ရွယ်ချက်သည် အနာဂတ်တွင် အာကာသစခန်း၌ ပိုးတွဲပစ္စည်းကို လျှင်မြန်စွာထုတ်လုပ်နိုင်ရန်၊ အာကာသ၌ အကြီးစားအဝေးကြည့်မှန်ပြောင်းနှင့် အခြားသိပံ္ပပညာ ကိရိယာများ တိုက်ရိုက်ပြုလုပ်နိုင်ရန်၊ အဝေးကြည့်ခြင်းဖြင့် လဗိမာန်၊ အင်္ဂါဂြိုဟ်စသည့် စူးစမ်းသုတေသနပြုရန်အတွက် ရည်ရွယ်ထားသည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway။