၂၀၁၈ ခုနှစ် ပထမဦးဆုံးအကြိမ် ယူနန်ခရီးသွားလာရေး လူငယ်ပင်ကိုယ်စွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၂၁)ရက်နေ့တွင် ကူမင်းမြို့၌ကျင်းပခဲ့သည်။ အဆိုပါရွေးချယ်ပြိုင်ပွဲကို ယူနန်ခရီးသွားလုပ်ငန်းအဆင့်မြှင်တင်စေရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ပြီး ခရီးသွားလာရေး ပင်ကိုယ်စွမ်းရည်ထူးချွန်သူများ ရွေးချယ်ခြင်းနှင့် တချိန်တည်းတွင် ယူနန်ပြည်နယ်ခရီးသွားလာ ရေးဆိုင်ရာ ထူးချွန်သူလူငယ်များကို မွေးထုတ်သွားမည် ဖြစ်သည်ဟု သတင်းတွင်ဖော်ပြထားသည်။
အဆိုပါရွေးချယ်ပြိုင်ပွဲအား ယူနန်ပြည်နယ်အတွင်း ကူမင်း၊ တာ့လီ၊ လိကျန်း၊ ဟုန်ဟော်၊ ဝင်စန်း စသည့်မြို့များရှိ တက္ကသိုလ်နှင့်ကောလိပ်(၄၉)ကျောင်း၌ ကျင်းပမည်ဖြစ်ပြီး ပွဲဦးထွက်ပြိုင်ပွဲ၊ ထပ်ဆင့်ပြိုင်ပွဲနှင့်အဆုံးသတ်ပြိုင်ပွဲ အဆင့်(၃)ဆင့် ခွဲထားကာ ပြိုင်ပွဲကာလမှာ (၂)လကြာ မည်ဖြစ်သည်။ ထို့ပြင်၊ အဆိုပါပြိုင်ပွဲသည် စာတမ်းတင်သွင်းခြင်း၊ ခရီးသွားလမ်းကြောင်းရေးဆွဲခြင်း၊ လက်တွေ့ကွင်းဆင်းလှုပ်ရှားမှုသင်တန်းပေးခြင်း (OutwardBound)၊ အပြန်အလှန်လက်တွေ့ပြောဆို ခြင်း၊ ယဉ်ကျေးမှုခရီးသွားလာရေးဖန်တီးခြင်းစသည့် အကြောင်းအရာကို ယာဉ်ပြိုင်ရမည်ဖြစ်ပြီး ထူးချွန်သူများအား သက်ဆိုင်ရာအစိုးရဌာနသည် ကုန်မ္ပဏီလုပ်ငန်းသို့ မိတ်ဆက်ထောက်ခံပေးရ မည်ဖြစ်ကြောင်း သိရပါသည်။
သတင်းအရင်းအမြစ်၊ Yunnan Gateway။