"ဝက်နဲ့နွားကို မွေးတာထက်စာရင် ပျားမွေးတာက ပတ်ဝန်းကျင် မထိခိုက်စေဘူးဗျာ။" သစ်တောထိန်းသိမ်းရေးဝန်ထမ်းအဖြစ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ယွီရှင်ဟွာသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွေးအခေါ်များကို တသွေမတိမ်း အမြဲကျင့်သုံးလျက်ရှိသည်။ သူ၏ ပျားမွေးမြူရေးစခန်းသည် ပိုင်မာနှင်းတောင် နိုင်ငံတော်အဆင့်သဘာဝထိန်း သိမ်းရေးဇုန်ရှိ ထာ့ချိန်တျန်ရွှေခြည်မွေးမျောက် သုတေသနစခန်းနှင့် တောင်ကြားရေစီးချောင်းမြောင်းတို့ ဆက်စပ်လျက်ရှိပြီး ရှန်ဂူချင်မျောက်ကျက် စားရာနေရာနှင့်လည်း ဆက်စပ်လျက်ရှိပါသည်။
ဤထိန်းသိမ်းရေးဇုန်တွင် ပေါများကြွယ်ဝသော ရုက္ခပင်အရင်းအမြစ်များ ကြောင့် ပျားမွေးမြူရေးအတွက် သဘာဝကပေးစွမ်းသော တည်နေရာ အားသာချက် များစွာရှိပါသည်။ "ကျွန်တော် အသက် ၁၀ နှစ်ကျော်ကျော် လောက်ကတည်းက ဖေဖေဟာ ဒီနေရာမှာ ပျားမွေးမြူခဲ့တယ်။" ယွီရှင်ဟွာ၏ဖခင်သည် ပျားမွေးမြူရာတွင် နည်းလမ်းများကို မိမိကိုယ်တိုင် စူးစမ်းလေ့လာခဲ့ရခြင်းဖြစ်သော်လည်း ယွီရှင်ဟွာသည် အထူးလေ့ကျင့်သင်ကြားမှုခံယူပြီးမှ ပျားမွေးမြူခဲ့သည်။ ဤထိန်းသိမ်းရေးဇုန်ကို ထိန်းချုပ်မှုဌာနမှ ကြီးကြပ်လမ်းညွှန်ပြီး ဝေရှီခရိုင်ဆင်းရဲမှုပပျောက်ရေးရုံးဌာန၊ ကျန်တုန်မွေးမြူရေးနှင့်ထုတ်လုပ်ရေးစင်တာနှင့် SEE သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းစသည့် ဌာနနှင့် အဖွဲ့အစည်းတို့သည် ဒေသခံများအား ပျားမွေးမြူခြင်းနှင့် တရုတ်တိုင်းရင်းဆေးစိုက်ပျိုးရေးအတွက် အကူအညီနှင့် မွမ်းမံသင်သန်းများ ပေးအပ်ကြသည်။ ယွီရှင်ဟွာ၏ ပျားမွေးသည့်သေတ္တာများကို SEE သဘာဝထိန်းသိမ်းရေးအသင်းမှ ထောက်ပံ့ပေးခြင်းဖြစ်သည်။
ယွီရှင်ဟွာသည် မိမိသင်ယူခဲ့သည့် ဗဟုတုသများကို လက်တွေ့ဖော်ဆောင်နိုင်ခဲ့ပြီး နည်းပညာဖြင့် ပျားမွေးမြူသည့်အတွက်ကြောင့် ပျားရည်၏ အရည်အသွေးမှာ ယခင်ကထက် တော်တော်လေးကောင်းမွန်လာသည်။ "လွန်ခဲ့တဲ့ရက်က ကုမ္ပဏီတစ်ခုဟာ ကျွန်တော့်ပျားရည်ကို ပေကျင်းသို့ ယူပြီး စစ်ဆေးခဲ့တယ်။ စစ်ဆေးပြီးနောက် တရုတ်နိုင်ငံမှာ ကျွန်တော့်ပျားရည်ဟာ အကောင်းဆုံးဖြစ်တယ်လို့ အသိအမှတ်ပြုပေးတယ်။"ဟု ယွီရှင်ဟွာက ပြောပြသည်။ အခုလောလောဆယ် ပျားမွေးမြူခြင်းနှင့် တရုတ်တိုင်းရင်းဆေး စိုက်ပျိုးရေး အတွေ့အကြုံများကို ရှန်ဂူချင်၏ ကျေးရွာအုပ်စုသုံးစုတွင် မျှဝေပေးသွားမည်ဖြစ်ပြီး ရွာသူရွာသားများနှင့်အတူ ကြီးပွားချမ်းသာကြွယ်ဝလာနိုင်လိမ့်မည် ဟု ယွီရှင်ဟွာက မျှော်လင့်နေပါသည်။
(ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ သတင်းထောက်-- Chen Chuangye၊ Chen Fei)