ကူမင်း-ချူရူံ-တာ့လီရထားလမ်းကြောင်း ဇူလိုင်လဆန်းတွင် စတင်ပြေးဆွဲမည်

2018-06-29 18:34:50 |သတင်းအရင်းအမြစ် 云桥网

တရုတ်-မြန်မာအပြည်ပြည်ဆိုင်ရာရထားလမ်း၏ ကူမင်း-ချူရူံ-တာ့လီရထားလမ်းကြောင်းမှာ ဇူလိုင်လ(၁)ရက်နေ့တွင် တရားဝင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း ဇွန်လ(၂၈)ရက်နေ့က ကူမင်းမြို့ရထား လမ်းကြောင်းဌာနမှ ထုတ်ပြန်သည့်နောက်ဆုံးသတင်းအရ သိရသည်။ အဆိုပါရထားလမ်းပိုင်းမှာ (၂၈၀)ကီလိုမီတာ ရှည်လျားသည်။ တစ်နာရီလျှင် ၂၀၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပြေးဆွဲမည်ဖြစ်သောကြောင့် ကူမင်းမှ ချူရှုံသို့ ခရီးစဉ်အချိန်မှာ ယခင်ကထက် အချိန် ၁ နာရီထိ လျော့နည်းသွားမည်ဖြစ်ပြီး တာလီသို့ ခရီးစဉ်အချိန်မှာ ယခင်ကထက် အချိန် ၁ နာရီ ၅၂ မိနစ်ထိ လျော့နည်းသွားမည်ဖြစ်သည်။ မြန်နှုန်းမြင့်ရထား(၂၁.၅)တွဲကို ပြေးဆွဲရန် စီစဉ်ထားပြီး ပျမ်းမျှအားဖြင့် ၂၅ မိနစ်လျှင် တစ်တွဲဖြင့် ပြေးဆွဲမည်ဖြစ်ကာ အတိုဆုံးအချိန်အကွာမှာ ၁၂ မိနစ် ဖြစ်သည်။ မြန်နှုန်းမြင့်ရထားပေါ်တွင် အစားအသောက်ဈေးနှုန်းမှာ တရုတ်ယွမ်(၁၅)မှ (၆၅)ယွမ်အတွင်း ဖြစ်ပြီး ကူမင်း-ချူရူံ-တာ့လီရထားလမ်းကြောင်းအတွက် မြန်နှုန်းမြင့်ရထားလက်မှတ်များကို ဇွန်လ (၂၉)ရက်နေ့ ည(၆)နာရီတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်နှုန်းမြင့်ရထားလက်မှတ်ဈေးနှုန်းများမှာ ကူမင်း--ချူရှုံခရီးစဉ်အတွက် ဒုတိယတန်းထိုင်ခုံမှာ (၇၁)ယွမ်၊ ကူမင်း--တာ့လီခရီးစဉ်အတွက် (၁၄၅)ယွမ်ဖြစ်ပြီး ဖြတ်သန်းမည့်ဘူတာများမှာ ကူမင်း၊ ကွမ်ထုံး(မြောက်ဘက်)၊ ချူရှုံ၊ နန်ဟွာ၊ ယူနန်ယီ၊ ရှန်ယူနှင့် တာ့လီစသည့် ဘူတာများဖြစ်သည်။ အဆိုပါရထားလမ်းကြောင်းကြောင့် ကူမင်းနှင့်တာ့လီအကြား နှစ်နာရီဖြင့် ရောက်ရှိနိုင်သောမြို့ပြများ ဖြစ်လာကြောင်း သိရသည်။

(သတင်းထောက်--Li Hengqiang)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006