တာလီ-လီကျန်းရထားလမ်း အဆင့်မြှင့်ပြုပြင်ပြီးပါက ကူမင်း-လီကျန်း ခရီးစဉ် အချိန်(၃)နာရီဖြင့်သွားနိုင်မည်

2018-07-02 18:04:03 |သတင်းအရင်းအမြစ် 新华网

“ကူမင်း-ချိုရှုန်-တာလီ ကျည်ဆံရထားစတင်ပြေးဆွဲခြင်းဖွင့်ပွဲအခမ်းအနားနှင့် တာလီ-လီကျန်း မြန်နှုန်းမြှင့်ရထားလမ်း ပြုပြင်တည်ဆောက်မှုစတင်ခြင်း အခမ်းအနား”ကို ဇူလိုင်လ(၁)ရက်နေ့က ယူနန်ပြည်နယ်တာလီမြို့ မြောက် ဘက်ဘူတာရုံ၌ ကျင်းပခဲ့ကြောင်းသိရပါသည်။ တာလီ-လီကျန်းရထားလမ်း အရှိန်မြှင့်ပြုပြင်တည်ဆောက်ပြီးနောက် ကူမင်းမှလီကျန်းခရီးမှာ အချိန်(၃) နာရီသာ ကြာတော့မည်ဖြစ်သည်။

ဇူလိုင်လ(၁)ရက်နေ့က ကူမင်း-ချိုရှုန်-တာလီကျည်ဆံရထား စတင်ပြေးဆွဲ ခဲ့ပြီး ကူမင်းမှ တာလီသည် ယခင်က(၇)နာရီခန့်ကြာရာမှ ယခုအခါ (၂)နာရီ သာ ပြေးဆွဲရတော့သည်။

သတင်းအရ တာလီ-လီကျန်းရထားလမ်းသည် စုစုပေါင်း (၁၆၁) ကီလိုမီတာ ရှည်လျှားပြီး လမ်းတစ်လျှောက်တွင် လှိုဏ်ခေါင်းလမ်းပိုင်း (၆၂%) ပါဝင် သည်။ အဆိုပါရထားလမ်းသည် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် တရားဝင်ပြေးဆွဲခဲ့သည်။ ယခုအကြိမ် မြန်နှုန်းမြှင့်လမ်းပြုပြင်တည်ဆောက်ခြင်း၏ အဓိကအလုပ်မှာ လမ်းကြောင်းမြေသားအခြေအနေကို အမှီပြုပြီး တစ်နာရီ(၁၄၀) ကီလို မီတာအရှိန်ထိ ပြေးဆွဲမြှင့်တင်ရန်အတွက် ဆိုးကျိုးဖြစ်ပေါ်စေနိုင်သော လမ်းအောက်မြေသားအခြေခံ၊ တံတား၊ လှိုဏ်ခေါင်း အစရှိသဖြင့် လိုအပ်သည့် အဆောက်အအုံများကို ပြုပြင်မွမ်းမံမည်။ ထို့ပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ လျှပ်စစ် စသည့်ဝန်ဆောင်မှုအရည်အသွေးကိုလည်း မြှင့်တင်ပေးရမည်ဖြစ်သည်။ စီမံကိန်းအရ အဆိုပါ အလုပ်သည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးမြောက်အောင်ဆောင်ရွက်မည်ဖြစ်ပြီး ပြုပြင်ချိန်အတွင်း မီးရထားသည် ပုံမှန်အတိုင်းဆက်လက်ပြေးဆွဲမည်ဟု သိရပါသည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။

ဘာသာပြန်၊ Yunnan Gateway။  

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006