မန္တလေး-မိုးကုတ်ကားလမ်းတွင် တရားမ၀င်သစ် ၁၈၂ ချောင်း ဖမ်းဆီးရမိ

2018-07-03 17:44:50 |သတင်းအရင်းအမြစ် 新华网

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၄၆/၆)နှင့် (၄၆/၅)အကြား ရွာတော်လေးကျေးရွာအနီးနေရာ၌ ဇူလိုင် ၂ရက်၌ ယာဉ်အမှတ်မပါ ခေါင်းပြာ (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/အင်ကြင်းခွဲသား (၁၈၂)ချောင်း ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိ တရားမဝင်သစ်များ၊ ယာဉ်နှင့် ဆက်စပ်ပတ်သက်သော တရားခံအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006