မြန်မာမီဒီယာသတင်းထောက်မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ကူမင်းမြို့တွင် ဇူလိုင်လ (၃)ရက်နေ့တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာအဖွဲ့အသီးသီးမှ မီဒီယာဆရာ ဆရာမများအယောက်(၂၀)သည် ကူမင်း၊ ရှန်ဟိုင်း၊ ပေကျင်း မြို့ပြ(၃)ခုတွင် (၁၂) ရက်ကြာ သောအစီအစဉ်ကို လေ့လာရမည်ဖြစ်ကြောင်း သိရပါသည်။
တရုတ်အစိုးရအရာရှိများ၊ ပညာရှင်များသည် မြန်မာ့မီဒီယာများနှင့်အတူ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” စီမံကိန်း၊ တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး၊ တစ်ကမ္ဘာလုံးမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအခြေအနေ၊ မီဒီယာများ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုစသည့် နှစ်ဦးနှစ်ဖက်စလုံးဂရုစိုက်ရမည့်အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ခံ၏ မိတ်ဆက်ခြင်းအရ သိရသည်။
ယူနန်၌နေရမည့်အချိန်ကာလတွင် မြန်မာမီဒီယာအဖွဲ့သည် ယူနန် Daily အဖွဲ့၊ ယူနန်ရုပ်မြင်သံကြားနှင့်အသံလွှင့်ဌာန၊ ယူနန်ဆရာအတတ်သင်တက္ကသိုလ်သို့ လည်ပတ် လေ့လာဖလှယ်ကြရမည်ဖြစ်သည်။ ထို့နောက် ပေကျင်းသို့ ဆက်လက်ထွက်ခွာပြီး ပေကျင်း တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ်မီဒီယာအသင်း၊ ပြည်သူ့နေ့စဉ်သတင်းစာ တိုက်သို့ သွားရောက်ကာ လေ့လာကြမည်ဖြစ်သည်။ ဆက်လက်ပြီး ရှန်ဟိုင်းတွင်လည်း မြန်မာ့မီဒီယာအဖွဲ့သည် ပြည်သူ့လွတ်လပ်ရေးနေ့စဉ်သတင်းစာတိုက်သို့ သွားရောက် လေ့လာဖလှယ်ရန် စီစဉ်ထားသည်။
“မြန်မာမီဒီယာသတင်းထောက်မွမ်းမံသင်တန်းအစီအစဉ်က တရုတ်နဲ့မြန်မာ နှစ်နိုင်ငံ အကြား အပြန်အလှန်သဘောပေါက်နားလည်မှု ပိုမိုနက်ရိုင်းစေနိုင်တယ်။”ဟု တရုတ် မီဒီယာအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်မှ ပြောကြားသည်။ ယူနန်မီဒီယာအသင်း၏ တာဝန်ခံ ကလည်း မြန်မာမီဒီယာသတင်းထောက်မွမ်းမံသင်တန်းက တရုတ်-မြန်မာမီဒီယာ များ အကြား ဖလှယ်သည့် အရေးကြီးပလက်ဖောင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး၊ ပြည်သူ ပြည်သားအကြားနားလည်ခြင်းစသည့် ဘက်တွင် တွန်းအားပေးနေကြောင်း၊ မြန်မာနှင့် တရုတ်ယူနန်မီဒီယာများ ခေတ်သစ်တွင် အခွင့်အရေးသစ်ကို ပိုင်နိုင်စွာ ဆုပ်ကိုင်နိုင်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်မှုရဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ မြန်မာ့မီဒီယာသမား ဆရာဇေယျာမြတ်ခိုင်က ဒီတစ်ကြိမ်မွမ်းမံသင်တန်းနှင့် လွန်ခဲ့သော(၃)ကြိမ်နဲ့ယှဉ်ရင် အကြောင်းအရာပိုမိုကြွယ်ဝတယ်။ တရုတ်မီဒီယာတွေနဲ့ဆွေးနွေးလို့ရလာတဲ့ အတွေ့အကြုံ ကို မြန်မာနိုင်ငံယူသွားပြီး မျှဝေမယ်။ မြန်မာ-တရုတ်ချစ်ကြည်ရေးကို တိုးတက်စေဖို့ ဆောင်ရွက်မယ်ဟု ပြောကြားခဲ့သည်။
မြန်မာမီဒီယာသတင်းထောက်မွမ်းမံသင်တန်းသည် ယူနန်ပြည်နယ်ပြည်သူ့အစိုးရမှ ခွင့်ပြု ပေးပြီး ယူနန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ငွေကြေးထောက်ပံ့ ပေးကာ တရုတ်မီဒီယာအသင်းနှင့် ယူနန်မီဒီယာအသင်း တို့မှဦးစီးကျင်းပသည့် အစီအစဉ် ဖြစ်သည်ဟု သိရသည်။ အဆိုပါမွမ်းမံသင်တန်းအား ကျင်းပခဲ့သည်မှာ ယခုအကြိမ်အထိ (၄)ကြိမ်မြောက်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားအယောက်(၆၀) ပါဝင် တက်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။