တရုတ်နိုင်ငံသည် တရုတ်ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း အတွေ့အကြုံကို အာဖရိကအား မျှဝေခဲ့

2018-07-05 17:55:43 |သတင်းအရင်းအမြစ် 人民网

ဇူလိုင်လ(၃)ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council)၏ (၃၈)ကြိမ်မြောက်အစည်းအဝေးကျင်းပရာတွင် တရုတ်နှင့် အာဖရိကနိုင်ငံအကြား "တရုတ်ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း အတွေ့အကြုံ မျှဝေခြင်း”နိုင်ငံတကာဆွေးနွေးပွဲအား တချိန်တည်းတွင် ကျင်းပခဲ့သည်။

ကုလသမဂ္ဂ ဂျီနီဗာအခြေစိုက်ရုံးခန်းမှတရုတ်တာဝန်ခံ ယွီကျန့်ဟွာသည် ဆွေးနွေးပွဲ တွင် မိန့်ခွန်းစကားပြောကြားခဲ့ရာ တရုတ်နိုင်ငံသည် လူဦးရေ(၁.၃)ဘီလီယံအား နေထိုင်စားသောက်မှုပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ကြာင်း၊ ဆင်းရဲနွမ်းပါးသူဦးရေ သန်း ၈၀၀ ကို လျှော့ချနိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း ၏(၇၀%) အထက်သို့ ရောက်ရှိကြောင်း၊ ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် လူု့အခွင့် အရေးလုပ်ငန်းအတွက် အကျိုးဆောင်နေကြောင်းစသည်တို့ ထည့်သွင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံအစိုးရအာဖရိကအထူးရေးရာတာဝန်ခံ ရှီကျင့်ဟို ပြောကြားခဲ့သည်မှာ တရုတ်-အာဖရိကကံကြမ္မာအသိုက်အဝန်းအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အတွေး အခေါ် အပြန်အလှန်လေ့လာပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု ရလဒ် အတော်အများရရှိပါကြောင်း၊ ထို့ပြင်၊ ၎င်းသည် အာဖရိကနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အတွက် ထောက်ပံ့မှုတင်ပေးခဲ့ကြောင်း ပြောကြားသည်။

ဖွံ့ဖြိုးခွင့်သည် လူ့အခွင့်အရေးတွင် အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်ကြောင်း၊ အာဖရိကနိုင်ငံသည် အမိနိုင်ငံအခြေအနေကို အခြေပြုပြီး ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရှာဖွေရမည်ဖြစ်ကြောင်း၊ အာဖရိကသည် တရုတ်၏ဖွံ့ဖြိုးမှုလက်တွေ့အတွေ့အကြုံ မှတစ်ဆင့် အသိဉာဏ်ရနိုင်ကြောင်း၊ လူ့အခွင့်အရေးအခြားနယ်ပယ်တွင် တရုတ် နိုင်ငံနှင့်ချစ်ခင်စွာပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း စသည့်ဖြင့် အာဖရိကမှ ကိုယ်စားလှယ်များမှ ပြောကြားခဲ့သည်။

သတင်းအရင်းအမြစ်၊ ပြည်သူ့နေ့စဉ်သတင်းစာ။
ဘာသာပြန်၊ Yunnan Gateway.

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006