တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်သည် အမေရိကန်က တန်ဖိုးယွမ်ငွေ(၃၄)ဘီလီယံရှိသော တရုတ်ကုန်စည်အား အခွန်တိုးကောက်ခံခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ကြောင်း သိရသည်။
ဇူလိုင်လ(၆)ရက်နေ့က အမေရိကန်နိုင်ငံသည် တရုတ်ထွက်ကုန်အတွက် အခွန် ၂၅% တိုးခဲ့ကြောင်း၊ အမေရိကန်၏လုပ်နည်းလုပ်ဟန်သည် WTO ၏စည်းကမ်းချက်များကို ဖောက်ဖျက်နေကြောင်း၊ အဆိုပါအခွန်တိုးတောင်းခံခြင်းသည် စီးပွားရေးဗိုလ်ကျလွှမ်းမိုးခြင်းတစ်မျိုးဖြစ်ပြီး တစ်ကမ္ဘာလုံး ထုတ်လုပ်ရေးလှိုင်းနှင့်တန်ဖိုးလှိုင်းအပေါ် ဆိုးဝါးသောထိခိုက်မှုဖြစ်နေကြောင်း၊ တစ်ကမ္ဘာလုံး စီးပွားရေးပြန်လည်ဖြစ်ထွန်းခြင်းအတွက် အတားအဆီးဖြစ်စေကြောင်း၊ တစ်ကမ္ဘာလုံးအခြားနိုင်ငံ ဖြတ်ကျော်ကုမ္ပဏီအတွက်လည်း ထိခိုက်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံလုပ်ငန်းနှင့် ပြည်သူ ပြည်သားများ၏အကျိုးလည်း ထိခိုက်မည်ဖြစ်ကြောင်း ၎င်းပြောခွင့်ရသူက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အရင်တိုက်ခိုက်ခြင်းမပြုသော်လည်း တရုတ်နိုင်ငံနှင့်ပြည်သူပြည်သားများ၏ အကျိုးအခွင့်ကို ကာကွယ်ရန်အတွက် သင့်တော်သည့်တုံ့ပြန်တိုက်ခိုက်မှုကို မလွဲမရှောင်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ WTO အဖွဲ့ထံ သက်ဆိုင်ရာအခြေအနေကို အချိန်မီတင်ပြရ မည်ဖြစ် ကြောင်း၊ လွတ်လပ်စွာစီးပွားရေးဆောင်ရွက်ခြင်းနှင့်နိုင်ငံဖွဲ့စည်းပုံအမျိုးမျိုးတည်ရှိနေခြင်းကို အခြားနိုင်ငံ နှင့်အတူကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း၊ တချိန်တည်းတွင် တရုတ်နိုင်ငံလည်း တံခါးဖွင့် မူဝါဒ ကျင့်သုံးခြင်း၊ လုပ်ငန်းရှင်များကြိုးစားမှုစိတ်ဓာတ်ကို ကာကွယ်ပေးခြင်း၊ အသိဉာဏ်မူပိုင်ခွင့်ကို စောင့်ရှောက်ခြင်း၊ တရုတ်အခြေစိုက်ကမ္ဘာ့နိုင်ငံအသီးသီးမှ ကုမ္ပဏီအတွက် ကောင်းမွန်သည့် သဘာဝ ပတ်ဝန်းကျင် တည်ထောင်ခြင်း စသည့်လုပ်ဆောင်ချက်များကို စွဲစွဲမြဲမြဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်အစိုးရသည် ထိခိုက်မှုခံနေရသည့်လုပ်ငန်းကုမ္ပဏီများကို ဆက်လက် ဂရုစိုက်ပြီးအကျိုး ထိရောက်စွာ ကူညီပေးမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway