နုကျန်လီဆူတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တိုင်းရင်းသားအလယ်တန်း သီးခြားပညာသင်ကျောင်းမှ ပထမအကြိမ် မြန်မာနိုင်ငံပညာတော်သင်ကျောင်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ(၆)ရက်နေ့က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသား (၂၃)ဦးအား ကျောင်းဆင်းအောင်လက်မှတ် ချီးမြှင့်ပေးအပ်သည်။ မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနား၊ ပူတာအိုနှင့်တနိုင်းစသည့်ဒေသမှ ရောက်ရှိလာသော မြန်မာအစိုးရကိုယ်စားလှယ်နှင့်ကျောင်းသားမိဘတို့သည် ဤအခမ်းအနားကို တက်ရောက် ကြပါသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလက မြန်မာလီဆူတိုင်းရင်းသားအသင်း၏ တောင်းဆိုချက် အရ နုကျန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ခွင့်ပြုပြီး နုကျန်ပြည်နယ်ခွဲ နိုင်ငံခြားရေးဌာနနှင့် နုကျန်တိုင်းရင်းသားအလယ်တန်း သီးခြားပညာသင်ကျောင်းတို့ ပထမ အကြိမ်မြန်မာပညာ တော်သင်သင်တန်းကို ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံကချင်ပြည်နယ် မြစ်ကြီးနား၊ ပူတာအို၊ တနိုင်းနှင့် ဝိုင်းမော်၊ မန္တလေးတိုင်းဒေသကြီး မြေမြို့၊ မိုးကုတ်စသည့်ဒေသမှ ကျောင်းပြီးမြောက် အောင်မြင်ပြီးသူ ကျောင်းသူကျောင်းသား(၂၃)ဦးတို့ နုကျန်မြစ်ဘေးနားတွင် ဆုံဆည်းကာ ကျေးရွာဆေးကုသရေးနှင့် မော်တော်ကားပြုပြင်ရေးပညာရပ်ကို လေးနှစ်ကြာ လေ့လာခဲ့ကြပါသည်။
"တရုတ်ပြည်ကို စရောက်တုန်းက တရုတ်စကား တစ်ခွန်းမှ မပြောတတ်ဘူး။ ထမင်းစားရေသောက်၊ ကျေးဇူးတင်ပါတယ်စတဲ့ နေ့စဉ်သုံးစကားကိုတောင် မတတ်ဘူး။ အခုကတော့ ကျွန်တော် တရုတ်စကားဖြင့် တရုတ်သူငယ်ချင်းတွေနဲ့ ဆက်ဆံပြောဆိုနိုင်ပါပြီ။ တရုတ်ယဉ်ကျေးမှုနဲ့သမိုင်းအပေါ် စိတ်ဝင်စားလာပါတယ်။ ဆေးကုသပညာရပ်ကိုလည်း သင်ခဲ့ပါတယ်။ ဆရာ၊ ဆရာမကို ကျေးဇူးအထူးတင်ပါတယ်။ အခွင့်ရှိရင် နုကျန်ကို ပညာ လာသင်ပါဦးမယ်လို့ မျှော်လင့်ပါတယ်။" ဟု မြန်မာပညာတော်သင်တစ်ဦးက ပြောပြပါသည်။ နုကျန်တွင် လေးနှစ်တာ ပညာ လေ့လာသင်ယူရာတွင် ကျောင်းမှ ကျောင်းလခ လျှော့ပေါ့ပေးသွားခဲ့သည်။ နေထိုင်မှုဘ၀တွင်လည်း သူအား ကူညီထောက်ပံ့မှုများစွာ ပေးပါသည်။ ကျောင်းပြီးနောက် သူက ကြိုးစားလုပ်ရမည်ဖြစ်ပြီး ဒေသခံပြည်သူများအား အကျိုးပြုစေမည်ဖြစ်သည်။
ဤကျောင်းဆင်းပွဲ အခမ်းအနားတွင် ဆန်းတင့်ဝေဆာလှသော အနုပညာတင်ဆက်မှုများဖြင့် တင်ဆက်ဖျော်ဖြေကြပြီး မြန်မာပညာတော်သင်တို့သည် ကရင်းဆိုရင်းနှင့် လက်တွေ့ကျသော ဆေးပညာရပ်ကိုလည်း ပြသသည်။ ပရိသတ်များသည် လက်ခုပ်သြဘာသံများစွာဖြင့် ချီးမြှင့်ကြပါသည်။
ဒုတိယအကြိမ် မြန်မာပညာတော်သင်သင်တန်းကို ၂၀၁၆ ခုနှစ် နုကျန်တိုင်းရင်းသားအလယ်တန်း သီးခြားပညာသင်ကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ နုကျန်ပြည်နယ်ခွဲ နိုင်ငံခြားရေးဌာနနှင့် နုကျန်တိုင်းရင်းသားအလယ်တန်း သီးခြားပညာသင်ကျောင်းတို့ တတိယအကြိမ်မြန်မာပညာတော်သင်သင်တန်း၏ ကျောင်းသူကျောင်းသားများကို ခေါ်ယူရန် ပြင်ဆင်နေလျက်ရှိပါကြောင်း သတင်းအရ သိရပါသည်။ (သတင်းထောက်-Li Shouhua၊ သတင်းပို့ပေးသူ-Yang Jiao)