တရုတ်ကွန်မြူနစ်ပါတီက ကြီးမှူးကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ-ကမ္ဘာ့နိုင်ငံရေး ပါတီများအဆင့်မြင့်ဆွေးနွေးပွဲ အာဖရိက သီးသန့်အစည်းအဝေးကို ယခုလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် တန်ဇန်းနီးယားနိုင်ငံ ဒါရက်ဆလမ်မြို့တော်၌ ကျင်းပမည်ဖြစ်သည်။ ယခု အကြိမ်အစည်းအဝေး၏အဓိကဆောင်ပုဒ်မှာ "တရုတ်-အာဖရိကနိုင်ငံရေးပါတီများမှ ကိုယ့်ဝိသေသ ထူးခြားချက်နှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းရှာကြံရန် သဘောတရားနှင့် လက်တွေ့ဆောင်ရွက်မှုများ"ဟူ၍ဖြစ်ပြီး၊ အာဖရိကနိုင်ငံများမှ နိုင်ငံရေးပါတီနှင့် နိုင်ငံရေး အဖွဲ့အစည်း ၄၀ ကျော်တို့မှ ခေါင်းဆောင်များတက်ရောက်ကြမည်ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသာဖော်ပြသည်။
တရုတ်ကွန်မြူနစ်ပါတီ - ကမ္ဘာ့နိုင်ငံရေးပါတီများ အဆင့်မြင့်ဆွေးနွေးပွဲ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်း အဝေးကို ၂၁၀၇ ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့က ကျင်းပခဲ့သည်။
(ဆင်ဟွာသတင်းထောက် Chen Yehua မှ ရိုက်ကူးပုံ)