တရုတ် Post ယူနန်ကုမ္ပဏီခွဲ EMS အမြန်ချောပို့လုပ်ငန်းသည် ဇူလိုင်လ(၁၆)ရက်နေ့တွင် ပထမဦးဆုံး တက္ကသိုလ်ဝင်ခွင့်ပြုအကြောင်းကြားစာကို တက္ကသိုလ်စာမေးပွဲအောင်မြင်သောကျောင်းသားများထံ ပို့ဆောင်ပေးနေသည်ဟု သိရသည်။
ယနေ့တွင် EMS ၏ဝန်ထမ်းသည် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား၏မှတ်ပုံတင်ကို စစ်ဆေးပြီးနောက် ပေကျင်းတက္ကသိုလ်ဝင်ခွင့်ပြုသောအကြောင်းကြားစာကို အဆိုပါကျောင်းသားထံ တည်ကြည်လေးနက်စွာပို့ပေးကာ တချိန်တည်းတွင် ဂုဏ်ပြုပန်းစည်းအား လက်ဆောင်အနေနှင့် ဂုဏ်ပြုပေးသည်။
ထိုသို့ပေးပို့ခြင်းဖြင့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူသို့အား တက္ကသိုလ်ဝင်ခွင့်ပြု သော အကြောင်းကြားစာ ပို့ဆောင်ခြင်းအား စတင်နေပြီဖြစ်သည်။ EMS အနေဖြင့် တစ်ချက် သတိပေးသည်မှာ -- မှတ်ပုံတင်သည် တက္ကသိုလ်ဝင်ခွင့်ပြုအကြောင်းကြားစာကို ရရှိနိုင်သော တစ်ခုတည်းဖြစ်သည့် အထောက်အထားဖြစ်သဖြင့် ကောင်းမွန်စွာ သိမ်းထားပြီး အမြန်ချောပို့လက်ခံစဉ် ကြိုတင်ပြသရမည်ဖြစ်သည်။