တရုတ်တစ်ပြည်လုံးတွင် ရေကြောင်းမှူးစနစ်ကျင့်သုံးလျက်ရှိ

2018-07-18 17:49:56 |သတင်းအရင်းအမြစ် 新华网

၂၀၁၈ ခုနှစ်ဇွန်လလကုန်အထိ၊ တရုတ်နိုင်ငံရှိ ပြည်နယ်(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုက်ရိုက် အုပ်ချုပ်သောမြို့ပြကြီးများ အပါအဝင်) (၃၁)ခုတွင် ရေကြောင်းမှူးစနစ်ကို တည်ထောင်ထားပြီ ဖြစ်ကြောင်း၊ ပြည်နယ်၊ မြို့ပြ၊ ခရိုင်နှင့် ကျေးရွာအုပ်စု အဆင့်(၄)ဆင့်မှရေကြောင်းမှူး (၃)သိန်းကို ခန့်အပ်ထားကြောင်း၊ အဆိုပါပြည်နယ်(၃၁)ခုအနက် ၂၉ ခုတွင် ကျေးရွာအဆင့် ရေကြောင်းမှူး(၇)သိန်း (၆)သောင်းကျော်လည်း ခန့်အပ်ထားကြောင်း ဇူလိုင်လ(၁၇)ရက်နေ့ ရေကြောင်းမှူးစနစ် တည်ထောင် ခြင်း ဆိုင်ရာသတင်းစာ ရှင်းလင်းပွဲတွင် ဆည်မြောင်းတာတမံဝန်ကြီးဌာနဝန်ကြီး အဲ့ကျင့်ဖျင်၏ မိတ်ဆက်ခြင်းအရ သိရပါသည်။

ရေကြောင်းမှူးစနစ်သည် တရုတ်နိုင်ငံပါတီနှင့်အစိုးရအဆင့်ဆင့်မှ အဓိကတာဝန်ခံက ရေကြောင်းမှူး အဖြစ် မြစ်ချောင်း၊ ရေကန်၏ထိန်းချုပ်ခြင်းနှင့်မြစ်ချောင်း၊ ရေကန်များ သဘာဝ ပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းခြင်းကို တာဝန်ထမ်းဆောင်သောစနစ်ဖြစ်သည်။ ရေကြောင်းမှူး စနစ်သည် ၂၀၀၃ ခုနှစ်တွင် ကျက်ကျန်းပြည်နယ်ချမ်ရှင်းခရိုင်မှစတင်ဦးစီးကျင့်သုံးလာခြင်း ဖြစ်သည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.

၁၊ ကျက်ကျန်းပြည်နယ်ချမ်ရှင်းခရိုင်တွင်၊ ရေကြောင်းမှူးသည် သီးသန့်သန့်ရှင်းရေးအလုပ်သမားများကို ဦးဆောင်ပြီး ထိုက်ဟိုကန်ကြီးအား ပုံမှန်သန့်ရှင်းရေးလုပ်နေစဉ်။

၂၊ ဖိုကျန်ပြည်နယ်ဖိုကျူးမြို့တာထောက်မြစ်၏ရေကြောင်းမှူးသည် ရေညစ်ဖြတ်ပိုက်လိုင်းသစ် တပ်ဆင ခြင်းကို ညွှန်ကြားနေသည်။

၃၊ ဟန်ဟွေပြည်နယ်၏ဆည်မြောင်းတာတမံပညာရှင်က ရေကြောင်းမှူးတို့အတွက် မွမ်းမံသင်တန်း ပေးနေစဉ်။

၎၊ ကျန်းစူးပြည်နယ်တွင် ကုကျားတူမြစ်၏ရေကြောင်းမှူးသည် မြစ်ကြောင်းလှည့်လည်စစ်ဆေးရာတွင် မိုးရေရေထွက်လမ်းကြောင်းကို ဓာတ်ပုံရိုက်နေစဉ်။

၅၊ ရေကြောင်းမှူးနှင့်ဝန်ထမ်းတို့သည် ကျက်ကျန်းပြည်နယ်ဟိုကျူးမြို့ဗောင်ကျန့်ကျေးရွာ ၏ မြစ်ချောင်း ပေါ်တွင် စစ်ဆေးနေစဉ်။

၆၊ ဝန်ထမ်းများသည် ကူမင်းမြို့ တျိမ်းချီရေကန်ပေါ်တွင် အမှိုက်ဆယ်ယူနေစဉ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006