တရုတ်ခရီးသည်လိုက်ပါစီးနင်းသည့် မော်တော်ကားသည် ဟော်ခိုနန်ရှီဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံလောင်ကျဲမြို့သို့ ၀င်ရောက်စဉ်။
ပုံမှန်ပြေးဆွဲခြင်းမရှိသော တရုတ်ယူနန်ကော်ကျူ-ဗီယက်နမ်လောင်ကျဲ နိုင်ငံတကာခရီး သည်ပို့ဆောင်ရေးယာဉ်လိုင်းကို ဇူလိုင်လ (၂၀)ရက်နေ့က တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း၊ ဤပို့ဆောင်ရေးယာဉ်လိုင်းသည် တရုတ်ယူနန်-ဗီယက်နမ်အကြား ပထမဆုံး နိုင်ငံတကာခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းဖြစ်ပြီး ယူနန်ခရီးသွားလာရေးမော်တော်ယာဉ်ကုမ္ပဏီမှ စီစဉ်ခြင်းဖြစ်ကြောင်း၊ ယူနန်ပြည်နယ်ကော်ကျူမြို့၊ မွန်ကျီမြို့၊ ဖင်ပြန်ခရိုင်၊ ဟော်ခိုခရိုင်နှင့် ဗီယက်နမ်နိုင်ငံ လောင်ကျဲမြို့၊ ရှာပါခရိုင်သို့ ဖြတ်ကျော် ပြေးဆွဲကြောင်း ယူနန်နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။(သတင်းထောက်-Zhu Hai)