ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် အလုပ်အကိုင်နေရာချထားမှု အခြေအနေ ကောင်းမွန်

2018-07-24 19:24:41 |သတင်းအရင်းအမြစ် CIR 缅文频道

တရုတ် လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုအာမခံပေးရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူအိုက်ဟုန်က၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် အလုပ်အကိုင်နေရာချထားမှုအခြေအနေမှာ ခြုံပြီးကြည့်လျှင် ကောင်းမွန်ပါကြောင်း ယခုလ ၂၃ ရက်နေ့က ပေကျင်း၌ ပြောကြားခဲ့ပါသည်။

လူအိုက်ဟုန်က၊ ယခုနှစ် ပထမ ၆ လ အတွင်း မြို့ပြအလုပ်အကိုင်နေရာသစ် ၇၅ သိန်း ၂ သောင်းကျော် တိုးလာပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၁ သိန်း ၇ သောင်း တိုးလာကြောင်း၊ ယခုနှစ် ဒုတိယသုံးလပတ်အတွင်း တစ်ပြည်လုံး မြို့ပြမှတ်ပုံတင် အလုပ်လက်မဲ့နှုန်းမှာ ၃့ ၈၃ ရာခိုင်နှုန်း ဖြစ်ပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၀့ ၁၂ ရာခိုင်နှုန်း ကျဆင်းလာကာ နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးပင် ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ၎င်းက၊ ယခုနှစ် ပထမ ၆ လ အတွင်း တရုတ်ပြည် ဂျီဒီပီမှာ လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၆့ ၈ ရာခိုင်နှုန်း တိုးလာပြီး သုံးလပတ် ၁၂ ကြိမ် ဆက်တိုက် ၆့ ၇ နှင့် ၆့ ၉ ရာခိုင်နှုန်း ကြား၌ ထိန်းသိမ်းထားနိုင်ခဲ့ကြောင်းလည်း ရှင်းလင်းပြောကြားပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006