ယူနန်သည် ယန်စီမြစ်မြစ်ညာဒေသတွင် အရေးပါသော သဘာဝပတ်ဝန်းကျင် ကာကွယ်ရာဒေသနှင့် တရုတ်တစ်နိုင်ငံလုံး ဆင်းရဲနွမ်းပါးမှုပပျောက်ရေး အဓိက ဖော်ဆောင်ရာဒေသဖြစ်သည်။ ယန်စီမြစ်စီးပွားရေးစင်္ကြံလမ်းတလျှောက်ရှိ အရေးပါ သောပြည်နယ်ဖြစ်သည်။
ယူနန်ပြည်နယ်သည် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ဦးစားပေးသော၊ မြစိမ်းရောင်ဖွံ့ဖြိုးမှု ရပ်တည်သောလမ်းကြောင်းတွင် တစိုက်မတ်မတ် လျှောက်လှမ်း နေလျက်ရှိပါသည်။ "မြစိမ်းရောင်တောတောင်ရေမြေသည် ရွှေတောင်ငွေတောင် အလား"ဟူသော အတွေးအခေါ်ကို လေးနက်စွာ ကျင့်သုံးခြင်း၊ ယန်စီမြစ် မြစ်ညာ ဒေသသဘာဝပတ်ဝန်းကျင်ကို ထိရောက်စွာ ကာကွယ်ပေးခြင်း၊ "မြစိမ်းရောင် သဘာဝစွမ်းအင်ကို အသုံးပြုနိုင်ခြင်း၊ မြစိမ်းရောင် အစားအသောက်ကို ရရှိနိုင်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သောအရပ်ဒေသတွင် နေထိုင်နိုင်ခြင်း"ဟူသော "စည်းစိမ်သုံးမျိုး"ခံစားနိုင်ရေးအတွက် အားသွန်ခွန်စိုက်လုပ်ဆောင်ခြင်း၊ ယန်စီမြစ်စီးပွားရေးစင်္ကြံတည်ဆောက်ရေးတွင် တက်ကြွစွာ ဝိုင်းဝန်းဖော်ဆောင်ခြင်းနှင့် ယူနန်ပြည်နယ် အရည်အသွေးကောင်းမွန်သော စီးပွားရေးဖွံ့ဖြိုးမှုကို တွန်းတင်ခြင်းစသည်တို့ ဆောင်ရွက်လျက်ရှိနေပါသည်။ (သတင်းထောက်-Pu Fan)
စည်ကားနေသည့် ရွှေဖူဆိပ်ကမ်းကို တွေ့ရစဉ်။
တောတောင်ရေမြေဝိုင်းရံသော ရွှေဖူခရိုင်ကို တွေ့ရစဉ်။
ကျင်ဆာမြစ်အလှတရား။
မြစ်ဘေးနားရှိ ရွှေဖူခရိုင်ကို တွေ့ရစဉ်။