တရုတ်နိုင်ငံသည် နိုင်ငံ၏ ရုပ်ထွက်ကောင်းမွန်သည့် ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေး စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် Gaofen-11 အမည်ရှိ ဂြိုဟ်တုတစ်လုံးအား ဇူလိုင် ၃၁ ရက်တွင် လွှတ်တင် ခဲ့ကြောင်း သိရသည်။
Gaofen-11 ဂြိုဟ်တုအား နိုင်ငံမြောက်ပိုင်း ရှန်းရှီပြည်နယ် တိုင်ယွန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီတွင် Long March 4B ဒုံးပျံဖြင့် လွှတ်တင်ခဲ့ကြောင်း သိရသည်။ ယင်းလွှတ်တင်မှုသည် Long March အမျိုးအစား ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံ၏ ၂၈၂ ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုအား မြေပြင်လေ့လာဆန်းစစ်မှု၊ မြို့ပြအစီအစဉ်ရေးဆွဲမှု၊ လမ်းကွန်ရက်များ ပုံစံရေးဆွဲမှု၊ စိုက်ပျိုးရေးနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း နှင့် ယင်းအချက်အလက်များအား ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှုအတွက်လည်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၀ခုနှစ်တွင် Gaofen စီမံကိန်းအား စတင်လုပ်ဆောင်ခဲ့စဉ်ကတည်းက တရုတ်နိုင်ငံသည် ကမ္ဘာမြေ ပုံရိပ်အား ပိုမိုရှင်းလင်းပြတ်သားစွာ ရရှိလာကြောင်း သိရသည်။ (Xinhua)