၁၉၅၀ ခုနှစ် ၀န်းကျင်က "သာယာလှပတဲ့နေရာတစ်ခု" သီချင်းဖြင့် ရွှေလီမြစ်နားဘေးတွင် တည်ရှိသော တယ်ဟုန်ပြည်နယ်ခွဲ၏ ဂုဏ်သတင်း ပျံ့နှံ့ခဲ့သည်။
နှစ်ပေါင်း(၆၀)နှစ်ကျော်ကြာပြီးနောက် ပြည်နယ်ခွဲမြို့တော်ဖြစ်သော မန်စီမြို့မှ တရုတ်-မြန်မာနယ်စပ်ဒေသရှိ နာမည်ကျော်ကြားသော ရွှေလီမြို့ထိ လမ်းတစ်လျှောက်တွင်ဖြစ်စေ၊ လုံချွန်မြေပြန့်အရပ်မှ လှပသောရင်ကန်နှင့် ဗူးသီးတူရိယာ၏ဇာတိနယ်မြေထိ လမ်းတစ်လျှောက်တွင်ဖြစ်စေ တောတောင်ရေမြေတို့သည် တပြေးညီဖြစ်အောင် ရှင်သန်လျက်ရှိနေပါသည်။
ယခုနှစ်ပိုင်း မြစိမ်းရောင်ဖွံ့ဖြိုးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစားပေး ဖော်ဆောင်မှုကြောင့် မန်စီမြို့သည် အပန်းဖြေနေထိုင်ရေးအတွက် ကောင်းမွန်သော သဘာဝကျသော လယ်ယာနှင့် ဥယျာဉ်ခြံမြေမြို့ပြကို ကြိုးပမ်းအားထုတ် တည်ဆောက်လျက်ရှိနေပါသည်။ အဆင့်မြင့်စံချိန်စံညွှန်းနှင့် တင်းကျပ်သောလမ်းညွှန်ချက်အတိုင်း မြို့ပြတည်ဆောက်ရေးကို မြှင့်တင်ပြီး မြို့ပြပြုပြင်တည်ဆောက်ရေးတွင် ဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းအသစ်ကို စူးစမ်းလေ့လာလျက်ရှိသည်။ တီထွင်ဆန်းသစ်မှု လက်တွေ့ဖော်ဆောင်ရာတွင် ထင်ရှားသော ခေတ်သစ်ဝိသေသလက္ခဏာနှင့် တိုင်းရင်းသားရှေးရိုးရာများနှင့်ပြည့်နှက်သော လယ်ယာနှင့်ဥယျာဉ်ခြံမြေမြို့ပြသည် တစ်နေ့တစ်ခြား ပေါ်ထွက်လာတော့မည်ဖြစ်သည်။
(သတင်းထောက်--Yang Run၊ Wang Yonggang၊ Guan Yushu၊ Liu Xiangyuan)