တယ်ဟုန်ပြည်နယ်ခွဲမှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် သြဂုတ်လ(၇)ရက်နေ့က လရက်မစေ့မီ ကလေးမွေးဖွားရာတွင် သွေးဥမွှားအရေအတွက်ပမာဏ နည်းပါးသည့်အတွက်ကြောင့် သွေးယိုရောဂါဖြစ်နိုင်သည်ကို သိရသည်။ သက်ဆိုင်ရာဌာနမှ ထိုကိစ္စအတွက် ညှိနှိုင်းဆွေးနွေးပြီးနောက် အဆိုပါကိုယ်ဝန်ဆောင်မိခင်အတွက် သွေးပို့ပေးနိုင်မည့်လမ်းကြောင်းကို စီစဉ်ပေးခဲ့သည်။ ယူနန်ပြည်နယ်ကူမင်းသွေးလှူစင်တာသည် ဌာန(၅)ခုမှ စုစည်းထားသော O အမျိုးအစား သွေးဥမွှား(၁၀၀၀)မီလီလီတာကို အဆင်သင့်ရရှိပြီး သွေးကို အချိန်မီ ပို့ပေးနိုင်ရန် ကူမင်းလေဆိပ်လုံခြုံရေးစစ်ဆေးရေးဌာနသည် မြစိမ်းရောင်လုံခြုံရေးစစ်ဆေးရေးလမ်းကြောင်းကို ချက်ချင်းပင် ဖွင့်လှစ်ပြီး ဆေးရုံသို့ လျင်မြန်စွာ ပို့ပေးလိုက်သည်။
ထိုနေ့က ညနေ(၆)နာရီ(၁၆)မိနစ်တွင် အစီအစဉ်များကိုဆောင်ရွက်ပြီးနောက် အသက်ကယ်ဆယ်ပေးမည့် သွေးဥမွှားကို တယ်ဟုန်ပြည်နယ်ခွဲဆေးရုံသို့ ပို့ပေးခဲ့သည်။ ဆေးပညာပါရဂူများက စစ်ဆေးကာ အဆိုပါကိုယ်ဝန်ဆောင်မိခင်အတွက် ခွဲစိတ်ကုသပေးခဲ့ကြသည်။
ည(၈)နာရီ (၃)မိနစ်က လူမှုအလွှာပေါင်းစုံမှ စေတနာကောင်းဖြင့် ကူညီမှုများကြောင့် မွေးကင်းစကလေးသားငယ်တစ်ဦးကို ချောမွေ့စွာ မွေးဖွားနိုင်ခဲ့သည်။
(သတင်းထောက်--Chu Tian၊ Chen Fei၊ Liu Xiangyuan၊ Guan Yushu)