ဆန်းသစ်တီထွင်မှုများနှင့်ပြည့်နှက်နေသည့် ယူနန် ၂၀၁၈ ခုနှစ် ယဉ်ကျေးမှုလုပ်ငန်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား ယနေ့ကျင်းပခဲ့

2018-08-09 18:48:57 |သတင်းအရင်းအမြစ် 云南日报

ဆန်းသစ်တီထွင်မှုများစွာပါဝင်သော ယူနန် ၂၀၁၈ ခုနှစ် ယဉ်ကျေးမှုလုပ်ငန်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ကူမင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် ယနေ့ကျင်းပကြောင်း သိရသည်။

"ယဉ်ကျေးမှုဖြင့် ဥစ္စာဓနဖန်တီးစေ၊ တီထွင်ဆန်းသစ်မှုဖြင့် တန်ဖိုးတိုးများစေ" ဟူသောဆောင်ပုဒ်ဖြင့်ကျင်းပသော အဆိုပါပြပွဲတွင် ပြခန်းကြီး(၇)ခုနှင့် ပြသစင်တာခွဲ(၃)ခုတို့ဖြင့် ခင်းကျင်းပြသကြောင်း၊ ဆန်းတင့်ဝေဆာလှသောလှုပ်ရှားမှုများကိုလည်း ကျင်းပမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ ယဉ်ကျေးမှုလုပ်ငန်းအဖွဲ့ဝင် (၁၂၀၀)ကျော်မှ ပါဝင်ဆင်နွှဲကြောင်း သိရသည်။

ကူမင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာရှိ ယဉ်ကျေးမှုကုန်စည်ပြပွဲ ပြခန်းကြီး(၇)ခုမှာ ကျောက်မျက်ရတနာပြခန်း၊ လက်မှုအနုပညာပန်းချီပြခန်း၊ ကလေးတီထွင်ဆန်းသစ်မှုပြခန်း၊ ကာတွန်းပြခန်း၊ ပြည်နယ်ခွဲနှင့်မြို့ပြလက်ရာမြောက်ယဉ်ကျေးမှုပစ္စည်းပြခန်း၊ ကူမင်းယဉ်ကျေးမှု+နည်းပညာပြခန်းနှင့် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး အထွေထွေပြခန်း တို့ဖြစ်သည်။ ထို့အတူ တရုတ်ပြည်တွင်းမှ နာမည်ကျော်ကြားသော ကျောက်မျက် ပုံထွင်းဆရာတို့၏ လက်ရာမြောက်ပစ္စည်းပြပွဲနှင့် ယဉ်ကျေးမှုအနုပညာတင်ဆက်မှုပြပွဲ စသည့်လှုပ်ရှားမှုများကိုလည်း ထည့်သွင်းကျင်းပမည် ဖြစ်သည်။ ထို့ပြင် လီကျန်းရှေးဟောင်းမြို့ အနုပညာပစ္စည်းဈေးတန်း၊ ယူဖန်ယဉ်ကျေးမှုတီထွင်ဆန်းသစ်မှုလုပ်ငန်းဇုန်၊ ၈၁၇ ယဉ်ကျေးမှုတီထွင်ဆန်းသစ်မှုလုပ်ငန်းဇုန် စသည့်ပြသစင်တာခွဲ(၃)ခုတွင် ယူနန်ထူးခြားသော ယဉ်ကျေးမှုလုပ်ငန်းနှင့် တီထွင်ဆန်းသစ်မှုရလဒ်များ စုစည်းခင်းကျင်းပြသထားသည်။

(သတင်းထောက်-Hou Tingting)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006