ပေကျင်းနှင့် ထျန်ကျင်းမြို့အကြားပြေးဆွဲနေသည့် ကျည်ဆံရထား တစ်နာရီ ၃၅ဝ ကီလိုမီတာထိ မြန်နှုန်း တိုးမြှင့် ပြေးဆွဲ

2018-08-10 19:58:30 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ပေကျင်းမြို့ နှင့် ထျန်ကျင်းမြို့ (Tianjin) ကိုပြေးဆွဲပေးနေသည့် ကျည်ဆံရထားမြန်နှုန်းအား တစ်နာရီ ၃၅ဝ ကီလိုမီတာထိ အမြင့်ဆုံး မြန်နှုန်းဖြင့် တိုးမြှင့်ပြေးဆွဲပေးခဲ့ရာ မြို့ နှစ်မြို့ အကြား ရထားပြေးဆွဲမှုကြာချိန်ကို ၅ မိနစ်ထိ လျှော့ချပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် အသုံးပြုမည့် ကျည်ဆံရထားကို တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Fuxing( ပြန်လည်တီထွင်ဆန်းသစ်မှု) ဟု အမည်ပေးထားကြောင်း သိရသည်။

ထိုသို့ ရထားမြန်နှုန်းတိုးမြှင့်လိုက်ခြင်းဖြင့် ပေကျင်းတောင်ပိုင်းရထားဘူတာနှင့် ထျန်ကျင်းရထားဘူတာအကြား လမ်းခရီးကြာချိန် ၃၅ မိနစ်ကို ၃ဝ မိနစ်သို့  လျှော့ချပေးနိုင်ခဲ့ကြောင်း နှင့် ရထားလက်မှတ်ဈေးနှုန်းမှာ ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။

“ အချိန် ၅ မိနစ်ပဲ လျော့သွားတယ်ဆိုပေမယ့် တစ်နာရီ ၃၅ဝ ကီလိုမီတာနှုန်းနဲ့ ပြေးဆွဲမယ့် ခရီးစဉ်အတွက် ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်” ဟု သြဂုတ် ၈ ရက်က ခရီးစဉ်အမှတ် C2002 ဖြင့် ထျန်ကျင်းမြို့ မှ လိုက်ပါလာသော ခရီးသည် Zheng Yi က ဆိုသည်။

ပေကျင်းမြို့  နှင့် ထျန်ကျင်းမြို့ အကြား ရထားခရီးစဉ်အသစ်ကို သြဂုတ် ၈ ရက်တွင် စတင်ခဲ့ကြောင်း တရုတ်နိုင်ငံမီးရထားလမ်းပိုင်း ပေကျင်းအုပ်စု၏ ပြောကြားချက်အရ သိရသည်။

(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006