မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr.Hong Liangသည် သြဂုတ်လ(၁၃)ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးချုပ်သို့ သွားရောက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မြသူအား တွေ့ဆုံပြီး တရုတ်နိုင်ငံကြက်ခြေနီအသင်းကိုယ်စား မြန်မာနိုင်ငံကြက်ခြေနီအသင်းထံသို့ ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးအတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၁)သိန်း လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်ဦးနှစ်ဖက်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။