၂၀၁၈ ခုနှစ် ပြီးခဲ့သော(၇)လတာကာလတွင် ယူနန်ပြည်နယ်၏ ပြည်ပပို့ကုန်သွင်းကုန်ပမာဏသည် တရုတ်ယွမ်ငွေ(၁၀၇.၃၇)ဘီလီယံသို့ရောက်ရှိလာပြီး ၂၀၁၇ ခုနှစ်အချိန်ကာလတူထက် (၄၄.၅%) တိုးမြှင့်လာကြောင်း၊ ၎င်းအနက် ပို့ကုန်ပမာဏသည် တရုတ်ယွမ်ငွေ(၄၂.၀၂)ဘီလီယံသို့ရောက်ရှိပြီး (၁၆.၁%) တိုးများလာကြောင်း၊ သွင်းကုန်ပမာဏသည် တရုတ်ယွမ်ငွေ (၆၅.၃၅)ဘီလီယံသို့ရောက်ရှိ ပြီး (၇၁.၅%) တိုးများလာကြောင်း သြဂုတ်လ(၁၄)ရက်နေ့က ကူမင်းအကောက်ခွန်ဌာနမှ သိရပါသည်။
ယူနန်နှင့်အဓိကစီးပွားရေးမိတ်ဖက်များအကြား ကုန်သွယ်ရေးပမာဏသည် ဆက်လက်တိုးနေရာ ယူနန်နှင့်အာဆီယံ၊ လက်တင်အမေရိက၊ European Union ၊ အီရန်နှင့် အမေရိက တို့အကြား စီးပွားကုန်သွယ်မှုပမာဏသည် (၁၅%)၊ (၅၆.၄%)၊ (၁၆.၂%)၊ (၄.၇)ဆနှင့် (၅၆.၄%)အသီးသီး တိုးလာသည်။
ယူနန်မှ စက်ယန္တရားနှင့် လျှပ်စစ်ဓာတ်အားစက်ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ လူသုံးကုန်ပစ္စည်းများ ပြည်ပသို့ ပို့ဆောင်ခြင်းသည် တိုးများလာသကဲ့သို့ စွမ်းအင်လုပ်ငန်း၊ လယ်ယာထွက်ကုန်၊ စက်ယန္တရားနှင့် လျှပ်စစ်ဓာတ်အားစက်ပစ္စည်းများ ပြည်တွင်းတင်သွင်းခြင်းလည်း တိုးများလာသည်။ တချိန်တည်းတွင် သတ္တုပစ္စည်းများနှင့် ကုန်ကြမ်းများပို့ကုန်သွင်းကုန်များသည် အတိုးအလျော့မရှိပဲ တန်းတူညီမျှနေကြောင်း သိရပါသည်။