ဖျာပုံခရိုင်အတွင်း ထူးကဲဒီရေမြင့်တက်နေမှုအားတွေ့ရစဉ် (MOI)
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်ကျေးရွာများတွင် ထူးကဲဒီရေတက်လာသောကြောင့် သုံးရက်အတွင်း လူနေတဲအိမ်(၁၁၃)လုံး ပြိုကျပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။ ထူးကဲဒီရေသည် မုတ်သုန် လေအားကောင်းစွာ တိုက်ခတ်ခဲ့သောကြောင့်(၃)ရက်အတွင်း ကျေးရွာ(၁၀)ရွာမှ လူနေတဲအိမ် (၁၁၃)လုံးပြိုကျပျက်စီးခဲ့ပြီး (၁၄၄)လုံးအခင်းအကာ ပျက်စီးကာ ယိုင်နဲ့သွားကြောင်း သိရသည်။
အဆိုပါ ထူးကဲဒီရေသည် သြဂုတ် ၁၂ ရက်မှ ၁၄ ရက်အတွင်း မြင့်တက်လာပြီး နေအိမ်များ ပြိုကျ ခြင်းများ ဖြစ်ပေါ်လာခဲ့ကြောင်း ယင်းထူးကဲဒီရေမြင့်တက်မှုကြောင့် အမာမြို့နယ်အတွင်း လူဦးရေ (၅၇၉)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ ခန့်မှန်းတန်ဖိုးကျပ်(၉၃)သိန်း(၅)သောင်ကျပ်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အိမ်ပြိုပျက်ယိုင်နဲ့သွားသော မိသားစုများအား နီးစပ်ရာဆွေမျိုးများထံတွင် ယာယီနေထိုင်စေပြီး ကူညီရေးလုပ်ငန်းများနှင့် ကျန်ရှိနေသေးသောနေအိမ်များအား ဘေးလွတ်ရာရွှေ့ပြောင်း နေထိုင်ကြရန် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း၊ နေအိမ်ပြိုပျက်ခဲ့သော်လည်း လူနှင့်တိရစ္ဆာန် များထိခိုက် သေဆုံးမှုမရှိကြောင်း သိရသည်။
(Xinhua)