China Nonferrous Metal Mining (Group) (CNIT)၏ နီကယ်လုပ်ငန်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဖိုရမ်နှင့် ကုမ္ပဏီ(၁၀)နှစ်ပြည့် လုပ်ငန်းတာဝန်သိတတ်မှု(CSR) ထုတ်ပြန်ခြင်းအခမ်းအနားကို သြဂုတ်လ(၁၈)ရက်နေ့က ကျင်းပခဲ့ကြောင်း သိရပါသည်။
ဤထုတ်ပြန်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေးသံမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်တွဲဖက်အတွင်းရေးမှူးနှင့် CNITမှ တာဝန်ရှိသူများ စသည့်ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ CSR အရ ၁၀ နှစ်အတွင်း၊ တရုတ်နီကယ်ကုမ္ပဏီသည် “စီမံကိန်းတစ်ခု ဆောင်ရွက်လျှင် မှတ်တိုင်တစ်ခု ဆောင်ရွက်ရမည်”ဟူသည့် အရင်းခံသဘောတရားကို ကိုင်ဆောင်လျက် ကုမ္ပဏီ၏ လူမှုတာဝန်များအဖြစ် ဒေသခံပတ်ဝန်းကျင်ကို စောင့်ရှောက်ခဲ့ကြောင်း၊ လူတော်များကို မွေးထုတ်ပေးခဲ့ကြောင်း၊ ဒေသခံပြည်သူများကို ချမ်းမြေ့သာယာမှုများ ပေးဆောင်ခဲ့ကြောင်း၊ ဒေသယဉ်ကျေးမှုနှင့် လိုက်လျောညီထွေစွာ နေထိုင်ခဲ့ကြောင်း သိရပါသည်။