မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Hong Liang က မကြာခင်ကတရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံသည် WTOသို့ ၂၀၀၁ခုနှစ်နှင့်၁၉၉၅ခုနှစ်တွင် အသီးသီးဝင်ရောက်ကြောင်း၊ နှစ်နိုင်ငံသည် WTOစနစ်ကိုအခြေခံ၍ ကုန်ပစ္စည်းကုန်သွယ်မှု၊ ဝန်ဆောင်ရေးကုန်သွယ်မှု၊ bilateralရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကိုပိုမိုအဆင့်မြှင့်တင်ရန် တွန်းအားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံနှင့် အကြီးဆုံးရင်းနှီးမြှုပ်နှံမှုနိုင်ငံဖြစ်သည့် အပြင်မြန်မာနိုင်ငံ၏ အကြီးဆုံးပို့ကုန်ဈေးကွက်လည်းဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ OBOR Initiative နှင့် နှစ်နိုင်ငံWin-Winပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်၍ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်ရန် ဆန္ဒရှိကြောင်း၊ ပြောကြားခဲ့ပါသည်။
မကြာခင်ကတရုတ်နိုင်ငံသည် WTO၌အဖွဲ့ဝင်စဉ်ကကတိပြုထားသည့်အတိုင်းအကောင်အထည် ဖော်ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီးမိတ်ဆက်ရန်၊ တရုတ်နိုင်ငံက multilateral ကုန်သွယ်ရေးစနစ်ထူထောင်ရန် ပါဝင်ရသည့် ရပ်တည်ချက်နှင့်မူဝါဒကိုရှင်းလင်းဖော်ပြရန်၊ တရုတ်နိုင်ငံကတံခါးဖွင့်ရေး၏ ရည်မှန်းချက်နှင့်ဆောင်ရွက်ချက်များပိုမိုအဆင့်မြှင့်တင်ရေးကိုရှင်းလင်းဖော်ပြရန်၊ တရုတ်နိုင်ငံအစိုးရသည် "တရုတ်နိုင်ငံနှင့်WTO"အမည်ရှိ White paper ကိုမကြာမီကထုတ်ပြန်ခဲ့ပါသည်။
White paper အရတရုတ်နိုင်ငံကWTOသို့ဝင်ရောက်သည့် ၁၇နှစ်အတွင်း၌ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးနှင့်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရန် အရေးပါသောအခွင့်အလမ်းဖန်တီးပေးပြီးအရေးကြီးအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန် ကာလအတွင်းတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း၏ 30%နီးပါးကို အားပေးဆောင်ရွက်ပေးခဲ့ပြီးကမ္ဘာ့စီးပွားရေးပြန်လည်အသက်ဝင်လှုပ်ရှားလာရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အရေးပါသောစက်ယန္တရားဖြစ်လာပါသည်။ တရုတ်နိုင်ငံကWTOသို့ဝင်ရောက် ခြင်းသည် WTOအဖွဲ့ဝင်နိုင်ငံများအတွက် အကျိုးစီးပွားဖန်တီးဆောင်ရွက်ပေးခဲ့ပါသည်။ တရုတ်နိုင်ငံအနေနှင့် တစ်ကမ္ဘာလုံးရှိနိုင်ငံနှင့်ဒေသပေါင်း၁၂၀၏ အဓိကကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး နိုင်ငံအသီးသီးမှကုမ္ပဏီများနှင့်ပြည်သူလူထုတို့အတွက် အရည်အသွေးကောင်းပြီးဈေးနှုန်းချိုသာသောတရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများကိုတင်ပို့ပေးပါသည်။ ၂၀၀၉ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် NDCနိုင်ငံများ၏ အဓိကပို့ကုန်ဈေးကွက်ဖြစ်ပြီးNDCနိုင်ငံများမှ ပို့ကုန်ပစ္စည်း၏ ငါးပုံတစ်ပုံကိုလည်းဝယ်ယူခဲ့ပါသည်။
တစ်ချိန်တည်းတွင်ပင် WTOသို့ပါဝင်ပြီးနောက် တရုတ်နိုင်ငံအနေနှင့် ကတိပြုချက်ကိုသေချာစွာအကောင်အထည်ဖော်ခဲ့ပြီးmultilateralကုန်သွယ်ရေးစနစ်၌ပါဝင်ရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။ ကုန်ပစ္စည်းကုန်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံသည် အကောက်ခွန် လျှော့ချမည့်ကတိပြုချက်ကို ၂၀၁၀ခုနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၀၁ခုနှစ်၌ အကောက်ခွန်အထွေထွေlevel ၁၅.၃%မှ ၉.၈%အထိ လျှော့ချခဲ့ပါသည်။ ၂၀၀၇ခုနှစ်၌ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုလုပ်ငန်းပေါင်း၁၀၀ကို sectionအလိုက် ဈေးကွက်ဖွင့်ပေးခဲ့ပါသည်။