အစိုးရသစ်စတင်ချိန်သစ်တွင် တရုတ်-မလေးရှား ဆက်ဆံမှု ရေရှည် ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးမည်ဟု လီခေ့ချန်ဆို

2018-08-22 17:47:04 |သတင်းအရင်းအမြစ် CIR 缅文

တရုတ် နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၂၀ရက်နေ့ နံနက်ပိုင်းကပေကျင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် တရုတ်ပြည်၌ တရားဝင် အလည်အပတ်ရောက်ရှိနေသောမလေးရှားဝန်ကြီးချုပ် မာဟာသီယာနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ယခုနှစ်၌ နှစ်နိုင်ငံသည် အကြိမ်သစ် အစိုးရကိုကိုယ်စီတည်ထောင်ဖွဲ့စည်း၍ နှစ်ဖက်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးသည် စတင်ချိန်သစ်တွင် ရှိနေကြောင်း၊ တရုတ်ပြည် အနေနှင့် မလေးရှားအပေါ် ချစ်ကြည်ရေးမူဝါဒကိုစွဲကိုင်မည် ဖြစ်ကြောင်း၊ တရုတ်ပြည်သည် မလေးရှားနှင့်အတူအပြန်အလှန် လေးစားရေး၊ တန်းတူညီမျှရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးအခြေခံပေါ်တွင် အိမ်နီးချင်းကောင်းမိတ်ဆွေဖြစ် ဆက်ဆံရေးကိုစွဲကိုင်ကာတရုတ်-မလေးရှားဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုကိုရေရှည်ရှင်သန် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရန် လက်တွဲ တွန်းအားပေးလိုကြောင်းပြောကြားသည်။

ထို့အပြင်၊ လီခေ့ချန်ကမလေးရှားသည် အာဆီယံ၏ အရေးကြီးအဖွဲ့ဝင် ဖြစ်၍ တရုတ်-မလေးရှားဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်နိုင်ငံအတွက်ရော၊ တရုတ်-အာဆီယံဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက်ပါ အကျိုးရှိကြောင်း၊ တရုတ်ပြည် အနေနှင့် မလေးရှားအပါအဝင် အာဆီယံနိုင်ငံများနှင့် အတူဘက်ပေါင်းစုံဝါဒနှင့် ကုန်သွယ်မှု လွတ်လွတ်လပ်လပ်ဆောင်ရွက်ရေးကိုအတူစွဲကိုင်ပြီးဖွံ့ဖြိုးတိုးတက်ရေးအပေါ် ဦးစားပေးကိုစွဲကိုင်ကာအရှေ့အာရှစီးပွားရေးအသိုက်အဝန်းတည်ဆောက်ရေးကိုတွန်းအားပေး၍ ဒေသတွင်းအေးချမ်းတည်ငြိမ်ရေးနှင့် စည်ပင် သာယာရေးအတွက် အတူအကျိုးပြု စွမ်းဆောင်ကြလိုကြောင်းလည်းပြောကြားသည်။

မာဟာသီယာကလည်းမလေးရှားနှင့် တရုတ်သည် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံ ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးထားရှိခဲ့သည့် နောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံမှု အဆက်မပြတ် တိုးတက်လာကြောင်း၊ မလေးရှားအစိုးရသစ်သည် တရုတ်ပြည်အပေါ် ချစ်ကြည်ရေးမူဝါဒကိုစွဲကိုင်မည်ဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်ဖြင့် နှစ်နိုင်ငံဆက်ဆံမှုကိုတစ်ဆင့်တိုးခိုင်မာနက်ရှိုင်းစေပြီးစီးပွားကုန်သွယ်ရေးစသည့် နယ်ပယ်များတွင် နှစ်နိုင်ငံ၏ အပြန်အလှန် အကျိုးရှိစေရေးကိုအကောင်အထည်ဖော်ကာမလေးရှား-တရုတ် ဆက်ဆံမှုကိုအဆင့် တိုးမြှင့်ရန် မျှော်လင့်ကြောင်းလည်းပြောကြားသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006