ယူနန်ပြည်နယ်၏ သန့်ရှင်းသောစွမ်းအင်အရောင်းအဝယ်နှုန်းသည် တရုတ်နိုင်ငံတွင် ပထမနေရာ ရောက်ရှိ

2018-08-29 18:25:42 |သတင်းအရင်းအမြစ် 云桥网

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ထောက်ပံ့မှုဖြင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးသန့်ရှင်းသောစွမ်းအင်ဖိုရမ်၊ တရုတ်-အာဆီယံသန့်ရှင်းသောစွမ်းအင်ဖိုရမ် ကို သြဂုတ်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် ကူမင်းမြို့၌ ကျင်းပခဲ့သည်။ ယူနန်ပြည်နယ်၏ သန့်ရှင်းသော စွမ်းအင် အရောင်းအဝယ်နှုန်းသည် တရုတ်နိုင်ငံတွင် ပထမနေရာမှာ ရောက်ရှိနေကြောင်း၊ ကျောက်ဖြစ်ရုပ်ကြွင်း မဟုတ်သောစွမ်းအင်သည် တစ်ခါတည်းသုံးစွမ်းအင်သုံးခြင်း စုစုပေါင်း ပမာဏထဲတွင် ပါဝင်နှုန်းသည် တရုတ်တစ်ပြည်လုံး၌ ပထမနေရာတွင် တည်ရှိကြောင်း၊ အစိမ်းရောင်စွမ်းအင်သည် ယူနန်ပြည်နယ် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရာတွင် အရေးပါသော ဆောင်ရွက်ချက်ကို လုပ်ဆောင်နိုင်ကြောင်း သတင်းအရ သိရပါသည်။

အမေရိကန်၊ သြစတြေးလီးယား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘာဒီးယား၊ မြန်မာ၊ ထိုင်း၊ နီပေါ၊ အင်ဒိုနီးရှား၊ အီဂျစ်၊ ပါပူအာနယူးဂီနီ စသည့်နိုင်ငံနှင့် အာဆီယံ-တရုတ်စင်တာ၊ အာရှတိုက်ဖွံ့ဖြိုးရေးဘဏ် စသည့် နိုင်ငံတကာအဖွဲ့အစည်းလည်း အဆိုပါဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့သည်။

ဖိုရမ် ကျင်းပရာတွင် ယူနန်ပြည်နယ်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ ပါတီအဖွဲ့၏အတွင်းရေးမှူးဖြစ်သူ လီဆုံးလင် မိတ်ဆက်ပေးသည်မှာ-- ယူနန်ပြည်နယ်သည် အစိမ်းရောင်စွမ်းအင်အလွန် ပေါများ ကြွယ်ဝပြီး ရေအားလျှပ်စစ်စွမ်းအင်၏တူးဖော်နိုင်နှုန်းသည် တရုတ်ပြည်၌် တတိယနေရာတွင် တည်ရှိကာ နေရောင်ခြည်စွမ်းအားနှင့်လေအားစွမ်းအင်လည်း ကြွယ်ဝနေသည်။ ၂၀၁၇ ခုနှစ်ထိတိုင်၊ ယူနန် တစ်ပြည်နယ်လုံး၏လျှပ်စစ်တပ်ဆင်အင်အားသည် (၈၅.၅၀)သန်းကီလိုဝပ်ရောက်ရှိပြီး တရုတ် ပြည်တွင်းတွင် (၆)ခုမြောက်နေရာတွင် တည်ရှိသည်။ ၂၀၁၇ ခုနှစ် ယူနန်တစ်ပြည်နယ်လုံး၏ စွမ်းအင် စက်မှု value added တန်ဖိုးသည် (၈၆.၃၇)ဘီလီယံကို ရောက်ရှိပြီး လွန်ခဲ့သောနှစ်အချိန်ကာလတူ ထက် (၂၆%)တိုးများလာသည်။ အစိမ်းရောင်စွမ်းအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်ဖော်ခြင်းပမာဏ သည် (၂၇၁.၈)ဘီလီယံကီလိုဝပ်-နာရီ(kilowatt-hour)ကို ရောက်ရှိပြီး တန် (၈၈.၆)သန်းလေးသော စံချိန်မီ ကျောက်မီးသွေးကို ချွေတာသကဲ့သို့ဖြစ်ကာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်ခြင်းသည်လည်း တန် (၂၂၀)သန်း လျှော့နည်းသည်။ တချိန်တည်းတွင် အခြားပြည်နယ်သို့ လျှပ်စစ်သင်ပို့ခြင်းပမာဏ သည် (၁၄၃.၅)ဘီလီယံကီလိုဝပ်-နာရီ(kilowatt-hour)ရောက်ရှိပြီး တရုတ်နိုင်ငံတွင် ပြည်နယ်ပြင်ပသို့ သန့်စင်သောစွမ်းအင်ပို့ဆောင်ခြင်းပြည်နယ်တွင် ဒုတိယအကြီးဆုံးပြည်နယ်ဖြစ်သည်။

“ယခုနှစ်ပိုင်း ယူနန်ပြည်နယ်က ပါကစ္စတန်၊ သီရိလင်္ကာ၊ ထိုင်းနှင့်လာအိုစတဲ့နိုင်ငံနဲ့ ပူးပေါင်းပြီး ယင်းတို့နိုင်ငံမှာ သိပ္ပံနဲ့နည်းပညာစံပြဇုန်ကို တည်ဆောက်ခဲ့တယ်။ နည်းပညာသစ် စမ်းသပ်ခြင်း နဲ့အသုံးပြုခြင်းကို တွန်းအားပေးနေတယ်။ နယ်ပယ်အသီးသီးရဲ့ သိပ္ပံနည်းပညာသုတေသနပြုခြင်း၊ နည်းပညာပေါင်းစပ်ခြင်း၊ ဆန်းသစ်တီထွင်မှုစတဲ့နယ်ပယ်မှာ အကျိုးဆောင်နေတယ်”ဟု လီဆုံးလင်မှ ပြောကြားခဲ့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006